လေကြောင်းပို့ဆောင်ရေးကဏ္ဍ ခံနိုင်ရည်ရှိမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးတို့အတွက် ကာလလတ်နှင့် ကာလရှည်တွင် ဆောင်ရွက်သွားမည့်အစီအမံများ ဆွေးနွေး

 

နေပြည်တော် အောက်တိုဘာ ၂၂ 


အပြည်ပြည်ဆိုင်ရာ      မြို့ပြ လေကြောင်းအဖွဲ့ချုပ် (Interna-tional Civil Aviation Organiza-tion-ICAO) က ကြီးမှူး၍  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်  ကျင်းပသည့် High-level Conference on COVID-19 (HLCC 2021) ပိတ်ပွဲ အခမ်းအနားကို   ယနေ့   ညနေ  ၅ နာရီကပြုလုပ်ရာ ပို့ဆောင်ရေး နှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ကိုယ်စား ဒုတိယဝန်ကြီး   ဦးအောင်ကျော် ထွန်း ပါဝင်တက်ရောက်သည်။

 


အဆိုပါ HLCC 2021 သည် အောက်တိုဘာ ၁၂ ရက်မှစတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ပိတ်ပွဲအခမ်းအနားကို ကျင်းပခြင်း ဖြစ်သည်။ အခမ်းအနားကို အစီ အစဉ်  ငါးခုဖြင့်ကျင်းပရာ  ပထမ ဦးစွာ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်းအဖွဲ့ချုပ်     ဥက္ကဋ္ဌ Mr. Salvatore Sciacchitano က အမှာစကား     ပြောကြားသည်။ ယင်းနောက် လေကြောင်းပို့ဆောင် ရေးကဏ္ဍ ဘေးကင်းလုံခြုံရေးနှင့် လွယ်ကူချောမွေ့စေရေး   ကဏ္ဍ အသီးသီးတွင် ဆွေးနွေးခဲ့သည့် ရလဒ်များကို ICAO တာဝန်ရှိသူ များက တင်ပြသည်။ 

 


ဆက်လက်၍ အဖွဲ့ဝင်နိုင်ငံ များ၏  ဝန်ကြီးများနှင့်  ဒုတိယ ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး ကြရာ ဒုတိယဝန်ကြီး ဦးအောင် ကျော်ထွန်းက  ကမ္ဘာ့ဒေသအသီး သီးသို့ ကနဦးလေကြောင်းပျံသန်း မှုများ စတင်နိုင်ရေးအတွက် ပိုမို တိုးမြှင့်ကြိုးပမ်းရန်၊ လေကြောင်း ခရီးသည်များအား ကာကွယ်ဆေး ထိုးနှံရန်နှင့် ဆက်စပ်နေသည့် ကပ်ရောဂါကူးစက်မှု လျော့ပါးရေး လုပ်ငန်းများစသော ကာလတိုအစီ အစဉ်များအပါအဝင် လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ခံနိုင်ရည်ရှိမှု နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးတို့ အတွက် ကာလလတ်နှင့် ကာလ ရှည်တွင်  ဆောင်ရွက်သွားမည့် အစီအမံများကို       ဆွေးနွေးခဲ့ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့်           ပေါ်ပေါက်လာသော လေကြောင်း ပို့ဆောင်ရေးကဏ္ဍ၏ အခက်အခဲများအား   ဘေးကင်း လုံခြုံမှုအစီအမံများနှင့် လွယ်ကူ ချောမွေ့စေရေး    အစီအမံများ ချမှတ်၍ နိုင်ငံတကာလေကြောင်း ပျံသန်းမှုများ ဆောင်ရွက်သွားမည့် အပေါ် ကြိုဆိုပါကြောင်း၊ မြန်မာ နိုင်ငံကဲ့သို့  ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ပြည့်မီရေး  ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ   မြို့ပြလေ ကြောင်းအဖွဲ့ချုပ်၏   လမ်းညွှန် ချက်များ၊   နည်းပညာလွှဲပြောင်း ပေးမှု     အကူအညီများသည် လွန်စွာ  အရေးပါမှုရှိပါကြောင်း၊ မြန်မာနိုင်ငံ      အနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ     မြို့ပြလေ ကြောင်းအဖွဲ့ ချုပ်၏ No country left behind ဆောင်ပုဒ်နှင့်အညီ လေကြောင်းကဏ္ဍ  ဘေးကင်း လုံခြုံ၍   စွမ်းဆောင်ရည်ရှိစွာ ပြန်လည်   တည်ထောင်နိုင်ရေး၊ ခံနိုင်ရည်ရှိရေးနှင့်   စဉ်ဆက် မပြတ်ဖွံ့ဖြိုးရေးကို     ကြိုးပမ်း ဆောင်ရွက်လျက်   ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ   ကိစ္စ ရပ်များ      စီမံခန့်ခွဲမှုနှင့်အတူ ဘေးကင်းလုံခြုံပြီး စွမ်းဆောင် ရည်ပြည့်ဝသည့်    လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ပြန်လည်တည် ထောင်နိုင်ရေးကို   အဖွဲ့ဝင်နိုင်ငံ များအားလုံး အတူတကွ လက်တွဲ ပူးပေါင်း      ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေး သည်။ 

 


ယင်းနောက်   အပြည်ပြည် ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် ဝန်ကြီးအဆင့်    အစည်းအဝေး ကြေညာချက်            Ministerial Declaration   of   High-level Conference on COVID-19 ကို အတည်ပြုခဲ့ကြကြောင်း    သိရ သည်။   

                  
သတင်းစဉ်