
နေပြည်တော် မေ ၂၃
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ် ရှိ လေကြောင်းနှင့် အာကာသ ဆိုင်ရာ ပြခန်းဖွင့်ပွဲနှင့် ကမ္ဘာ့ ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်၏ ရုပ်တုလွှဲပြောင်း လက်ခံပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသ ကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၌ ကျင်းပသည်။
အခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး အောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား နိုင်ငံသံအမတ်ကြီး Dr. Nikolay Listopadov ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ သံရုံးအရာရှိများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသ ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော် မင်းနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြ သည်။
ထို့နောက် ကမ္ဘာ့ပထမဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်တုလွှဲပြောင်းလက်ခံပွဲ အခမ်း အနား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ် ကြီး Dr. Nikolay Listopadov တို့က အမှာစကား ပြောကြား ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် သံအမတ်ကြီးတို့က ကမ္ဘာ့ပထမဆုံး အာကာသယာဉ် မှူး ယူရီဂါဂါရင်ရုပ်တုကို စက် ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်