
နေပြည်တော် နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများတွင် MNDAA ၊ TNLA နှင့် AA လက်နက်ကိုင်သောင်းကျန်းသူများသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုကြောင့် မြို့နယ် အချို့တွင် ဒေသခံပြည်သူများ ခေတ္တတိမ်းရှောင်နေကြ လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲတွင် လောက်ကိုင်မြို့အနီး တုံချိန်အရပ်တွင် စစ်ဘေးရှောင်ပြည်သူများလိုက်ပါလာ သည့် ကားတစ်စီးအား လက်နက်ကြီးကျည်ထိမှန်ပြီး ကားပေါ်တွင် ပါလာသည့်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရှိရကာ အဆိုပါပစ်ခတ်မှု သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) မှ ပစ်ခတ် ခြင်းဖြစ်ကြောင်း MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းက ပြောကြားသည်ဆိုသည့် သတင်းအား လူမှုကွန်ရက်စာမျက်နှာတွင် လုပ်ကြံဖြန့်ဝေမှုကို တွေ့ရှိ ရသည်။
တပ်မတော်အပေါ်အထင်အမြင်လွဲမှားလာစေရန်
လုပ်ကြံသတင်းများ ဖြန့်ဝေ
အဆိုပါပစ်ခတ်မှုဖြစ်စဉ်အား လုံခြုံရေးဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းမရှိကြောင်း၊ လက်နက်ကိုင်သောင်းကျန်းသူများက တပ်မတော်စခန်း တစ်ခုအား ပစ်ခတ်လိုက်သည့်လက်နက်ကြီး ကျည်ဆန် သည် စစ်ဘေးရှောင်ပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးအား ထိမှန်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ပြည်သူအချို့နှင့် အခြားသတင်းအရင်းအမြစ်များအရ သိရှိရပြီး အကြမ်းဖက်သမားများအနေဖြင့် ဒေသအတွင်း မတည်မငြိမ်ဖြစ်စေရန်၊ ဒေသခံတိုင်းရင်းသားများအား အကြောက်တရားဖြင့် ၎င်းတို့အား ထောက်ခံအားပေး လာစေရန်နှင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှား လာစေရန် ရည်ရွယ်၍ လုပ်ကြံသတင်းများ ဖြန့်ဝေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်