လောက်ကိုင် ဇူလိုင် ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ရွာ အခြေပြုလူကုန်ကူးမှု စိစစ် ဖော်ထုတ်ခြင်း ရက်တိုသင်တန်း ကို ယမန်နေ့က ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး က အမှာစကားပြောကြားပြီး အမှတ်(၁) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် လောက်ကိုင်မှ ဒုရဲမှူးသက်ဇင်နိုင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၁/၂၀၂၂) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေကို ဆွေးနွေးခြင်း၊ လူကုန် ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန် များ၊ ရပ်ကွက်အတွင်းနေ ကလေး သူငယ်များအား လူကုန်ကူးမှု ကျူးလွန်ခံရခြင်းမရှိစေရေး၊ အဓမ္မ လုပ်အား ခိုင်းစေခြင်း၊ လိင်အမြတ် ထုတ်ခြင်း၊ လုပ်အားခေါင်းပုံဖြတ် ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်း များဖြစ်ပွားမှု မရှိစေရေး အတွက် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဆိုင်ရာများ၊ ရပ်ရွာ အခြေပြု လူကုန်ကူးခံရသူတွင် ဘေးအန္တရာယ်ရှိနိုင်ပါက သက်ဆိုင် ရာ ရဲတပ်ဖွဲ့ထံ အကူအညီ တောင်းခံခြင်းနှင့် မြို့နယ်လူကုန် ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့သို့ လွှဲပြောင်းအပ်နှံခြင်း၊ လူကုန်ကူးမှု အမျိုးအစားများ စသည့် လူကုန်ကူးမှု ဖြစ်ပွား ရခြင်း အကြောင်းရင်း၊ လူကုန် ကူးမှု ဖြစ်ပွားစေနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက် ၍ အသိပညာပေး ဆွေးနွေး သည်။
အဆိုပါသင်တန်းကို ရပ်ရွာ အခြေပြု လူကုန်ကူးမှုစိစစ် ဖော်ထုတ်ရေး အဖွဲ့ဝင်များဖြစ် သည့် လောက်ကိုင်မြို့ပေါ် သုံး ရပ်ကွက်၊ ရန်လုံကျိုင်းကျေးရွာ နှင့် ထင်ပါကျိုင်းကျေးရွာတို့မှ သင်တန်းသား ၅၀ တက်ရောက် ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် ၂၅ရက်မှ ၂၆ ရက် အထိ ဖွင့်လှစ် ကြောင်း သိရသည်။
ရွှေစင်ဖြိုး(ပြန်/ဆက်)



