လောက်ကိုင်မြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 

လောက်ကိုင်    ဇွန်   ၂၂


ကိုးကန့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ     ဒေသ လောက်ကိုင်မြို့တွင် ၂၀၂၂ ခုနှစ်  မိုးရာသီ    သစ်ပင်စိုက်ပျိုးပွဲ ကို   ထင်ပါကျိုင်းကျေးရွာအုပ်စု ဆီအောကျေးရွာ   ဆီအောနဂါး လိုဏ်ဂူ   ဘုန်းတော်ကြီးကျောင်း ဝင်း၌   ယနေ့နံနက်က   ကျင်းပသည်။

 


ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးမြင့်ဆွေက   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးသိန်းဇော်ဦးအား  စိုက်ပျိုးမည့်  ပျိုးပင်များ ပေးအပ်ကာ  တက် ရောက်လာကြသူများက    သတ် မှတ်နေရာများတွင်  ပျိုးပင်များ စိုက်ပျိုးကြသည်။

 


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောသစ်ပင် ထိန်းသိမ်းရေးဆောင်ပုဒ်များစိုက်ထူ၍ ရေသင်း ဝင် ၂၀၀ ပင်၊ မဲဇလီ ၂၀၀ ၊ ယမနေ ၁၀၀ ပင်  စုစုပေါင်းပျိုးပင်  ၅၀၀ စိုက်ပျိုးကြောင်း သိရသည်။ 


ရွှေစင်ဖြိုး (ပြန်/ဆက်)