
နေပြည်တော် ဧပြီ ၂၁
နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားတိုးမြှင့်မည်ဟု လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် ကောလာဟလနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်က အောက်ပါအတိုင်း ဖြေကြားခဲ့ ပါသည်-
လက်ရှိပြင်ပမှာဖြစ်ပေါ်နေတဲ့၊ သတင်းထွက် ပေါ်နေတဲ့ လစာနှုန်းထား တိုးမြှင့်မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းကတော့ ကောလာဟလပဲ ဖြစ်ပါတယ်။ လစာနှုန်းထားတွေကတော့ လက်ရှိ လစာနှုန်းထားအတိုင်းပဲ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေအရ လစာ နှုန်းထားကို တိုးမြှင့်ဖို့မရှိသေးပါဘူး။