လားရှိုးတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံတို့၌ စုပေါင်းသွေးလှူဒါန်း

 

လားရှိုး  စက်တင်ဘာ  ၂၃


(၅၈)   နှစ်မြောက်    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်     ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်   (မြောက်ပိုင်း)   အမှတ် (၉) တပ်မတော်ဆေးရုံ  ခုတင် (၁၀၀) နှင့် လားရှိုး ပြည်သူ့ဆေးရုံကြီး   သွေးလှူဘဏ်များတွင်  စုပေါင်း သွေးလှူဒါန်းသည်။

 


သွေးလှူဒါန်းခြင်းသို့  အရှေ့မြောက်တိုင်း စစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်ချုပ်   နိုင်နိုင်ဦး၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး (လားရှိုး) ရဲမှူးကြီး အောင်မြင့်နိုင်၊ ခေတ္တခရိုင်  ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းသိန်းနှင့်  ဌာနဆိုင်ရာ  တာဝန်ရှိသူများ ကြည့်ရှုအားပေးကြပြီး  ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး   ရဲမှူးကြီး  အောင်မြင့်နိုင် ကြီးကြပ်မှု ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ    တပ်ဖွဲ့စု များမှ  တပ်ဖွဲ့ဝင်အင်အား  စုစုပေါင်း ၆၀ တို့က စုပေါင်းသွေးလှူဒါန်းကြသည်။ 

 


ထို့နောက်  အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊  ရှမ်းပြည်နယ်    ဒုတိယ ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက သွေးလှူဒါန်း သည့် တပ်ဖွဲ့ဝင်များကို အာဟာရဖြည့် အစားအစာ များ ပေးအပ်သည်။                                    

စိုင်း(သီပေါ)