
နေပြည်တော် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက် ဖွယ်ရာများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (လားရှိုး)၌ ပြုလုပ်ရာ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြား၍ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် စားသောက် ဖွယ်ရာများ ပေးအပ်သည်။ ထို့ နောက် တိုင်းမှူးနှင့် တာဝန်ရှိသူ များက အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာများအား လိုက်လံကြည့်ရှု ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်များအားရင်းရင်း နှီးနှီးတွေ့ဆုံ နှုတ်ဆက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်