
နေပြည်တော် ဇူလိုင် ၁၀
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ် တွင် လားရှိုးမြို့နယ်ခါးသျှိကျေးရွာ အနီးတွင် စိုင်းနော်ခမ်း (ခ)အိုက်ပေါက် မောင်းနှင်လာသည့် ပရိုဘောက် အမျိုးအစားမော်တော် ယာဉ်နှင့် အောင်ရဲဇော်(ခ)ကိုဖြိုး မောင်းနှင်လာသည့် ဝှစ် အမျိုး အစား မော်တော်ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ပရို ဘောက် အမျိုးအစား မော်တော် ယာဉ်ပေါ်မှ Sodium Acetate ၅၀၀ ကီလိုကို လည်းကောင်း၊ ဝှစ် အမျိုးအစား မော်တော်ယာဉ် ပေါ်မှ Sodium Acetate ၅၀၀ ကီလိုကို လည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ မွန်းလွဲ ၁ နာရီတွင် လားရှိုးမြို့ အမှတ်(၃)ရပ်ကွက်ရှိ ကားဂိတ် တွင် Sodium Acetate များ သယ်ဆောင်ခိုင်းသူ တင်မောင်(ခ)ဆင်ဒူးနတ် ကို ထပ်မံဖမ်းဆီးရမိ ခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက် အရ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာ အုပ်စု မယ်ဟန်ကျေးရွာရှိ ခရီးသွား ဝန်ဆောင်မှုဂိတ်တွင် ရဲဝင်းလတ်(ခ)ကိုရဲနှင့် စိုင်းလှ မောင်(ခ)ရှမ်းကုလားတို့ နှစ်ဦး ကို Sodium Acetate ၈၇၅ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီး ရမိခဲ့သဖြင့် စိုင်းနော်ခမ်း(ခ)အိုက်ပေါက်(၂၅)နှစ်၊ အောင်ရဲဇော် (ခ)ကိုဖြိုး(၃၄)နှစ်၊ တင်မောင်(ခ)ဆင်ဒူးနတ်(၅၃)နှစ်၊ ရဲဝင်းလတ် (ခ)ကိုရဲ (၄၃)နှစ်နှင့် စိုင်းလှမောင် (ခ) ရှမ်းကုလား (၃၆)နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
သတင်းစဉ်