
လားရှိုး ဇန်နဝါရီ ၆
လားရှိုးမြို့ ရပ်ကွက်(၁၂) အေတီတံတားအနီး၌ Welcome to LASHIO အလှဆင်ဆိုင်းဘုတ်ကို လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနက ဇန်နဝါရီ ၃ ရက်တွင် တပ်ဆင်ပြီးစီးသွားပြီဖြစ် ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်ကို ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၄၇၈၆၀၀၀ ဖြင့် ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်က စတင်တပ်ဆင်ခဲ့ခြင်းဖြစ်ကာ ဇန်နဝါရီ ၃ ရက် တွင် တပ်ဆင်ပြီးစီးခြင်းဖြစ်သည်။ လက်ရှိ အချိန်တွင် အဆိုပါဆိုင်းဘုတ်နေရာ၌ ရှုခင်း လာရောက်ကြည့်ရှုသူများ၊ ဓာတ်ပုံရိုက်သူများ လာရောက်လျက်ရှိသည်။
လားရှိုးမြို့၌ ပထမဆုံး We Love LASHIO ဆိုင်းဘုတ်ကို ရန်တိုင်းအောင်ဘုရားအနီးရှိ လားရှိုး-သိန္နီ မြို့တွင်းလမ်းမကြီးဘေး၌ ပထမဆုံး တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယခု တည်ဆောက်ပြီးသည့် အလျား ၃၄ ပေ၊ အမြင့် ၁၄ ပေရှိ Welcome to LASHIO ဆိုင်းဘုတ်မှာ ဒုတိယတစ်ခုအဖြစ် ထပ်မံတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း စည်ပင်သာယာရေးဌာနမှ သိရ သည်။
ဟန်ဌေး