လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အာဟာရဒါန အခမဲ့ကျွေးမွေးရေးအဖွဲ့တို့အတွက် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်  မတ်  ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)  လားရှိုးမြို့ရှိ အထွေထွေ ရောဂါကုဆေးရုံကြီး   (ခုတင်-၅၀၀)  ၌ တာဝန် ထမ်းဆောင်လျက်ရှိသော ဆရာဝန်များ၊ သူနာပြုများ နှင့်  ကျန်းမာရေးဝန်ထမ်းများအတွက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့်   အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင်  အဆိုပါဆေးရုံကြီး၌   ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်  နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊  ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။ 
ဦးစွာ တိုင်းမှူးက  အဖွင့်အမှာစကားပြောကြားပြီး လာရှိုးမြို့ပြည်သူ့ဆေးရုံကြီး၌  တာဝန်ထမ်းဆောင် လျက်ရှိသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာ ရေးဝန်ထမ်းများနှင့် အာဟာရဒါနကျွေးမွေးရေးအဖွဲ့ တို့အတွက်    စားသောက်ဖွယ်ရာများ၊  ထောက်ပံ့ ပစ္စည်းများနှင့်   အလှူငွေများ   ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးနှင့်     တာဝန်ရှိသူများက    လက်ခံယူ ကြပြီး    ဆေးရုံအုပ်ကြီးက    ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက်   တိုင်းမှူးက   ကျန်းမာရေးဝန်ထမ်းများကို   ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်