လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့ ပူးပေါင်းကျင်းပသည့် (၁၃) ကြိမ်မြောက် အဆင့်မြင့်စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပါဝင်တက်ရောက်

နေပြည်တော်  နိုဝင်ဘာ  ၁၇


လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ၏  ဖိတ်ကြားချက်အရ   နိုင်ငံခြားရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်  ယနေ့ နံနက် 
၇ နာရီ မိနစ် ၄၀ တွင်    လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ       အစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့်      (၁၃)   ကြိမ်မြောက် အဆင့်မြင့် စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်သည်။


ဖွင့်ပွဲအခမ်းအနားတွင်    လာအို ပြည်သူ့ဒီမိုကရက်တစ်   သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်ခမ်ဗီဘာဝန်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု        အစီအစဉ် အုပ်ချုပ်ရေးမှူးနှင့်  ကုလသမဂ္ဂစဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၏  ဒုတိယ ဥက္ကဋ္ဌ     မစ္စတာအာချင်စတီနာတို့က အဖွင့်အမှာစကားပြောကြားကြသည်။ 


(၁၃) ကြိမ်မြောက်   အဆင့်မြင့် စကားဝိုင်းဆွေးနွေးပွဲကို ရေရှည်တည်တံ့ သော  ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ထိရောက် သော ရလဒ်များရရှိရေးအတွက် လာအိုနိုင်ငံ အစိုးရ၊  ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ  မိတ်ဖက် အဖွဲ့များနှင့်  ဆက်စပ်ပတ်သက်သူများ အကြား  ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် နိုင်ရန်  ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားသို့    ပြည်ထောင်စု ဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊     လာအိုပြည်သူ့ ဒီမိုကရက်တစ်    သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်    နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး များ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။                              

သတင်းစဉ်