ကွယ်လွန်သွားသည့် အရှေ့တောင်အာရှအလေးမချန်ပီယံ (ရွှေတံဆိပ်ဆုများရှင်)၏ ကျန်ရစ်သူမိသားစုထံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ နာရေးကူညီမှုထောက်ပံ့ငွေများ ပေးအပ်

 

နေပြည်တော် အောက်တိုဘာ ၁၉


အရှေ့တောင်အာရှချန်ပီယံ ရွှေ တံဆိပ်ဆုများရှင် မြန်မာ့လက်ရွေး စင်အလေးမ   အားကစားသမား ဟောင်း ဦးစန်းမြင့်   (ဗိုလ်ကြီး-ငြိမ်း)သည် ယမန်နေ့က ကွယ်လွန် သွားသည့်အတွက်    အားကစား နှင့်    လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ကိုယ်စား အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ) ကျောင်းအုပ်ကြီး ဦးကျော် ကျော်သည် ကျန်ရစ်သူမိသားစု ထံ   နာရေးကူညီမှု    ထောက်ပံ့ ငွေကျပ် ၅၀၀၀ဝဝ ကို သွားရောက် ထောက်ပံ့ပေးအပ်သည်။


အရှေ့တောင်အာရှ   ချန်ပီယံ ရွှေတံဆိပ်ဆုများရှင်     မြန်မာ့ လက်ရွေးစင်အလေးမ အားကစား သမားဟောင်း ဦးစန်းမြင့်သည် ၁၉၇၇ ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၁၉၈၅ ခုနှစ်၊ ၁၉၈၇ ခုနှစ်၊ ၁၉၈၉ ခုနှစ်တို့တွင် ကျင်းပပြုလုပ် ခဲ့သည့်  အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင်  မြန်မာ နိုင်ငံအတွက် ရွှေတံဆိပ်ဆု ၁၃ ခုကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်  နိုင်ငံ့ဂုဏ်ဆောင်    အားကစား သမားတစ်ဦး   ဖြစ်ကြောင်းနှင့် ဦးစန်းမြင့် အသက်(၇၂)နှစ်သည် အောက်တိုဘာ ၁၈ ရက်က (၉၆) ပါးသောရောဂါဖြင့်   ကွယ်လွန် ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်