ကယ်ဆယ်ရေးပစ္စည်းများအား ပို့ဆောင်ရမည့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့  စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ရန်ကုန်မြို့မှ ထောက်ပံ့ရေးပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ဆောင်လာသည့် စစ်ရေယာဉ်မုတ္တမကို သွားရောက်ကြည့်ရှုပြီး  ကယ်ဆယ်ရေးပစ္စည်းများအား  ပို့ဆောင်ရမည့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်

 

စစ်တွေ    မေ   ၁၈


ရခိုင်ပြည်နယ်      စစ်တွေမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့်   ဆက်သွယ်ရေးဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး   တင်အောင်စန်း၊ ပြည်ထောင်စု     ဝန်ကြီးများ၊ တပ်မတော်   အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူ များသည်  ယနေ့   နံနက်ပိုင်းက စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ရန်ကုန်မြို့မှ ထောက်ပံ့ရေးပစ္စည်း များနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ တင်ဆောင်လာသည့် စစ်ရေယာဉ်မုတ္တမကို သွားရောက် ကြည့်ရှုပြီး ကယ်ဆယ်ရေးပစ္စည်း များအား  ပို့ဆောင်ရမည့် ဒေသ များသို့ အမြန်ဆုံးပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်သည်။

 


အဆိုပါ စစ်ရေယာဉ်မုတ္တမဖြင့် ဆန်၊ စားအုန်းဆီနှင့်  စားသောက် ကုန်များ၊    သောက်ရေသန့်များ၊ မိသားစုသုံးပစ္စည်းများပါဝင်သည့် Family Kits များ၊ ဆက်သွယ်ရေး တာဝါတိုင်နှင့်   ဆက်စပ်ပစ္စည်း များ၊ ၅၀၀ ကေဗွီအေ  မီးစက်ကြီး နှစ်လုံး၊ ရေသန့်စင်စက်တင်ယာဉ် နှစ်စီး၊ တာပေါ်လင်များ၊ သွပ်ပြား များနှင့် အိမ်ဆောက်ပစ္စည်းများ၊ လက်ကိုင်လွှစက် အစုံ ၂၀ ၊ ရွေ့လျား မိုဘိုင်းဆက်သွယ်ရေးယာဉ် နှစ်စီး နှင့် စက်သုံးဆီတို့ပါဝင်၍ တန်ချိန် ၉၃၀   တင်ဆောင်လာခဲ့ကြောင်း သိရပြီး သက်ဆိုင်ရာနေရာများသို့ အမြန်ပေးပို့၍  ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ   လုပ်ဆောင်သွားမည်ဖြစ် သည်။

 


အဆိုပါ    စစ်ရေယာဉ်ဖြင့် လျှပ်စစ် ဝန်ထမ်း ၁၀၄ ဦးပါရှိလာ သည့်အပြင် လျှပ်စစ်မီးပြန်လည် ရရှိရေး လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက အခြားဒေသများမှ လျှပ်စစ် ဝန်ထမ်း  ၄၀၀   ကျော်ကို   ရခိုင် ပြည်နယ်သို့     အင်အားဖြည့်တင်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 


ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေ မြို့      ဦးဥတ္တမပန်းခြံအတွင်း မုန်တိုင်းဒဏ်ကြောင့် လဲပြိုခဲ့သည့် သစ်ပင်ကြီးများအား တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု    အားပေး သည်။

 


ယင်းနောက်   ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်   အဖွဲ့သည် အမြန်ရေယာဉ်    ဆိပ်ကမ်းသို့ ရောက်ရှိပြီး    လက်ကိုင်လွှစက် များ၊ သန့်ရှင်းရေးဆောင်ရွက်မည့် ပစ္စည်းများ၊   တာပေါ်လင်စများ တင်ဆောင်၍ မုန်တိုင်းဒဏ်ခံခဲ့ရ သည့် ပေါက်တောမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်ရန် သွားရောက်ကြ မည့်   ဧရာဝတီတိုင်းဒေသကြီးမှ မီးသတ်တပ်ဖွဲ့ဝင်   ၁၁၆   ဦးနှင့်၊ ရသေ့တောင်မြို့နယ်သို့    သွား ရောက်မည့် ပဲခူးတိုင်းဒေသကြီးမှ မီးသတ်တပ်ခွဲတစ်ခွဲတို့ကို မုန်တိုင်း ကြောင့် ပျက်စီးခဲ့မှုများအား စနစ် တကျ    ရှင်းလင်းဆောင်ရွက်နိုင် ရေး မှာကြားကာ အားပေးစကား ပြောကြားသည်။ 

 


ထို့နောက်     ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်    အဖွဲ့သည် လောကာနန္ဒာ  စေတီတော်မြတ် ကြီး ပရိဝုဏ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးမှ    ရောက်ရှိနေသော မီးသတ်တပ်ဖွဲ့ဝင်များက    စက်၊ ယာဉ်ယန္တရားများဖြင့်   ရှင်းလင်း ဆောင်ရွက်နေခြင်းများကို ကြည့်ရှု အားပေးခဲ့ကြသည်။

 


ယင်းနောက်   ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်   အဖွဲ့သည် စစ်တွေလေဆိပ်သို့ သွားရောက် ကာ   တပ်မတော်လေယာဉ်များ ဖြင့်  ရောက်ရှိနေသည့်    ရိက္ခာ များနှင့် ကယ်ဆယ်ရေးပစ္စည်းများ အား သယ်ယူဆောင်ရွက်နေခြင်း ကို ကြည့်ရှုအားပေးပြီး   လေဆိပ် အဆောက်အဦများ သန့်ရှင်းရေး နှင့်  ပြန်လည်ပြုပြင်ရေး    အမြန် ဆောင်ရွက်ကြရန် တာဝန်ရှိသူ များအား မှာကြားသည်။ 

 


ဒေသခံပြည်သူများ     ခရီး သွားလာရေး   အဆင်ပြေစေရန် ယနေ့နံနက်ပိုင်းမှစတင်ကာ ခရီး သည်တင်    လေယာဉ်ခရီးစဉ်များ ပုံမှန်ပြန်လည် ပြေးဆွဲဆောင်ရွက် ပေးလျက်ရှိသည်။

 


ထို့နောက် မြို့တွင်းလမ်းမကြီး များပေါ်တွင် မုန်တိုင်းဒဏ်ကြောင့် လဲပြိုကျနေသော သစ်ပင်များအား ပိုင်းဖြတ်   ဆောင်ရွက်နေခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ  ဆောင် ရွက်နေခြင်း၊ လျှပ်စစ်မီးတိုင်များ နှင့် မီးကြိုများအား ပြန်လည်ပြုပြင် ခြင်းတို့ကို သက်ဆိုင်ရာဝန်ထမ်း များက     ဆောင်ရွက်နေခြင်းကို    လှည့်လည်ကြည့်ရှုပြီး (အောက်ပုံ) လုပ်ကိုင်ဆောင်ရွက်နေသူများကို အားပေးစကား  ပြောကြားသည်။ 

 


ဆက်လက်၍  ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်    အဖွဲ့သည် စစ်တွေမြို့    ခုတင်   (၅၀၀)  ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ပြီး  မုန်တိုင်းကြောင့် ပျက်စီးသွားသော       ဆေးကုသ ဆောင်များ၏    အမိုးများအား ပြန်လည်မိုးကာနေမှု၊  ရေသန့်ရရှိ အောင်ဆောင်ရွက်ပြီး   ရေချိုနှင့် ဆေးရုံအတွင်း ပြုပြင်ရန်လိုအပ် ချက်များကို ပြင်ဆင်နေမှုများအား   ကြည့်ရှုစစ်ဆေးပြီး   စနစ်တကျ နှင့် အမြန်ပြီးစီးရေး  ဆောင်ရွက် ရန် မှာကြားသည်။ 

 


ဆက်လက်၍    စစ်တွေမြို့ ကမ်းနားလမ်းတစ်လျှောက် မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးသွားသော လမ်းများနှင့် စစ်တွေပွိုင့်ကမ်းခြေ ပတ်လမ်း      ပျက်စီးနေမှုတို့ကို လှည့်လည်ကြည့်ရှုကာ    အမြန် ပြုပြင်ဆောင်ရွက်နိုင်ရေး တာဝန် ရှိသူများအား မှာကြားသည်။

 


မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်   အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ရုံး   အစည်း အဝေးခန်းမ၌     ရခိုင်ပြည်နယ် သဘာဝဘေး      အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား      တွေ့ဆုံ၍ မုန်တိုင်းဒဏ်ကြောင့်     ပျက်စီး ဆုံးရှုံးမှုများ    ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆက်လက် ဆောင်ရွက်မည့်အစည်းအဝေးသို့ တက်ရောက်သည်။

 


အစည်းအဝေးတွင် ဗိုလ်ချုပ် ကြီး   တင်အောင်စန်းက   မိမိတို့ အဖွဲ့သည်    မုန်တိုင်းဝင်ရောက် တိုက်ခတ်ပြီးနောက်နေ့ မေ ၁၅ ရက်မှစတင်၍     ရောက်ရှိကာ မုန်တိုင်းသင့်ဒေသများအား လှည့် လည်ကြည့်ရှုစစ်ဆေးပြီး  စားရေ ရိက္ခာများ၊ ဆေးဝါးများ၊ ကျန်းမာ ရေးပစ္စည်းများ၊ အမိုးအကာနှင့် ပြန်လည်ထူထောင်ရေး   ပစ္စည်း များ     အမြန်ရောက်ရှိရေးနှင့် သက်ဆိုင်ရာဒေသများသို့ အမြန် ပို့ဆောင်ရေး ဆောင်ရွက်ပေးနေမှု များ၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီး မှုများအား     ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်နေမှုများ၊    အများ ပြည်သူနှင့်သက်ဆိုင်သော ဆေးရုံ၊ စာသင်ကျောင်း၊  ဘုန်းတော်ကြီး ကျောင်း စသည်တို့ကို ဦးစားပေး ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ် ခံခဲ့ရသောမြို့ရွာများ ပြန်လည် ထူထောင်ရေးကို      နိုင်ငံတော် ဝန်ကြီးချုပ်၏   လမ်းညွှန်ချက်များ နှင့်အညီ  အရှိန်အဟုန်ဖြင့်      ကြိုးပမ်း ဆောင်ရွက်သွားမည့် အစီအစဉ် များကို    ရှင်းလင်းပြောကြားခဲ့ သည်။ ထိုသို့ ဆောင်ရွက်နေမှုများ ကိုလည်း ဒေသခံဝန်ထမ်းများနှင့် ပြည်သူများက  ပူးပေါင်းပါဝင်ကြမှ သာ   လုပ်ငန်းမြန်ဆန်   ထိရောက် အောင်မြင်မည်  ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများ  အနေဖြင့်လည်း လုပ်ငန်းများ      ပိုမိုသွက်လက် မြန်ဆန်စေရန်    ဝန်ထမ်းများ အင်အားဖြည့်တင်းပြီး ဆောင်ရွက် ရန်လိုမည်ဖြစ်ကြောင်း  ရှင်းလင်း ပြောကြားသည်။

 


ထို့နောက်    နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်း နောင်နှင့်        ရခိုင်ပြည်နယ် ဝန်ကြီးချုပ်   ဦးထိန်လင်းတို့က စစ်တွေမြို့အပါအဝင် မုန်တိုင်းဒဏ် ခံခဲ့ရသောမြို့၊ ရွာများတွင် လမ်းမ များ၊ ဆက်သွယ်ရေးလမ်းကြောင်း များကို ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး      ကူညီ ထောက်ပံ့ရေးနှင့်      ပြန်လည် ထူထောင်ရေး   လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်     ဆက်လက် ဆောင်ရွက်ရာတွင်    ဌာနဆိုင်ရာ များ၊ ဝန်ထမ်းများ၊ ဒေသခံပြည်သူ များကလည်း     ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေး    တိုက်တွန်း မှာကြားသည်။ 

 


ထို့နောက် တက်ရောက်လာ ကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ   တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  ပြည်နယ် ဝန်ကြီးချုပ်နှင့်     ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့က လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး    လုပ်ငန်းအောင်မြင်ရေး အတွက်   ညှိနှိုင်းဆောင်ရွက်ပေး ကြရန်       တိုက်တွန်းမှာကြား  ကာ အခမ်းအနားကို   ရုပ်သိမ်း လိုက်ကြောင်း     သတင်းရရှိ သည်။


တင်ထွန်း
(ပြန်/ဆက်)