လွိုင်ကော် အောက်တိုဘာ ၂၉
ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်ကျေးရွာ များအပါအဝင် မြို့များသန့်ရှင်း သာယာလှပစေရန် ရည်ရွယ်၍ အပတ်စဉ်(စနေနေ့) စုပေါင်း သန့်ရှင်းရေးကို ပြည်နယ်အတွင်း ရှိ ဌာနဆိုင်ရာရုံးများ၊ အများ ပြည်သူများနှင့် သက်ဆိုင်သည့် နေရာများ၊ သင်တန်းကျောင်းများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင် ကျောင်းများနှင့် ရပ်ကွက်များ၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့ အမှတ်(၂)အခြေခံ ပညာ အထက်တန်းကျောင်း ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီး ဌာန၌ အားကစားအမျိုးအစားများ အလိုက် အားကစားရုံများ၊ အား ကစားကွင်းများ၊ ရေကူးကန်များ စနစ်တကျ ပြင်ဆင်ဆောင်ရွက် ထားမှုများနှင့် ဌာနဆိုင်ရာ အသီးသီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ နောင်ယား ကန်ပတ်လမ်း တစ်လျှောက် ပြည်သူများ စိတ်ချမ်းမြေ့စွာ ဖြင့် အပန်းဖြေနိုင်စေရေးနှင့် ကိုယ်ကာယ ကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားမှုများ ဆောင် ရွက်နိုင်ရေးအတွက် ဆောင်ရွက် ထားမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင် မြို့များ သန့်ရှင်းသာယာလှပစေ ရေး၊ ခြင်အန္တရာယ်နှင့် အခြား ရောဂါများ ကင်းဝေးစေရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ကျန်းမာရေးနှင့် ညီညွတ် သော ပတ်ဝန်းကျင်ကောင်းများ ဖြစ်စေရေး၊ ပြည်သူများအေးချမ်း စွာဖြင့် အပန်းဖြေစေနိုင်ရေး အတွက် ဌာနဆိုင်ရာရုံးများ၊ အများပြည်သူများနှင့် သက်ဆိုင် သည့် နေရာများ၊ စာသင်ကျောင်း များနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင်၍ အပတ်စဉ် စနေ နေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရ သည်။
ကိုဇင်(လွိုင်ကော်)



