ကယားပြည်နယ်ဝန်ကြီးချုပ် စစ်ရေးနှင့်သက်ဆိုင်မှုမရှိသော လွိုင်ကော်မြို့ ရပ်ကွက်များအတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများက လူမဆန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူများအား ကြည့်ရှုအားပေး

 

လွိုင်ကော်        ဇူလိုင်    ၃၀
ကယားပြည်နယ်အတွင်း တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ များပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများအား  တိုက်ခိုက်ချေမှုန်းလျက်ရှိရာ  ယခုအခါ  လွိုင်ကော် မြို့တွင် တည်ငြိမ်အေးချမ်းလျက်ရှိပြီး ဒေသဖွံ့ဖြိုး ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန် ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိကာ ဒေသခံပြည်သူ များ     ပြန်လည်ဝင်ရောက်    အခြေချနေထိုင်လျက် ရှိသည်။
ထိုကဲ့သို့ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ် စွာဖြင့် ကူးသန်းရောင်းဝယ်နေမှု၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ   ဆောင်ရွက်ပေးနေမှုနှင့်    နယ်မြေ လုံခြုံရေးဆောင်ရွက်နေမှုများကို မနာလိုမရှုဆိတ်သော  KNDF/ KNPP/ PDF အမည်ခံသောင်းကျန်းသူများ သည် ပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်ပျက်စီး စေပြီး  စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်ကာ လွိုင်ကော်မြို့ တည်ငြိမ်မှုပျက်ပြားစေရန်     ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက်ယုတ်မာစွာ ဇူလိုင် ၂၉ ရက်  ည ၉ နာရီခန့် တွင် လူနေရပ်ကွက်များအတွင်းသို့ အဝေးမှလက်နက် ကြီးများဖြင့်      ပစ်ခတ်တိုက်ခိုက်ခဲ့ရာ      သာသနိက အဆောက်အဦများ ၊ ဘုရားစေတီနှင့် လူနေအိမ်များ  ပေါ်သို့   ကျရောက်ပေါက်ကွဲခဲ့ပြီး    အပြစ်မဲ့ပြည်သူ ငါးဦး  ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  ဒဏ်ရာရပြည်သူ များအား     တာဝန်ရှိသူများက      လွိုင်ကော်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသပေး ခဲ့ရပြီး လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ အပြစ်မဲ့ထိခိုက်ဒဏ်ရာရလူနာများအား  ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုး တင်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍  ရင်းရင်းနှီးနှီး     အားပေးစကား      ပြောကြားကာ ထောက်ပံ့ငွေ၊ ဆေးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည်  ကယားပြည်နယ်အတွင်း  လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေစိုးမိုးရေး ဆောင် ရွက်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ ဝင်များနှင့် မိသားစုဝင်များကို လှည့်လည်ကြည့်ရှု၍  လူနာတစ်ဦးချင်း၏       ရောဂါအခြေအနေများကို အသေးစိတ်မေးမြန်းကာ အားပေးစကားပြောကြား ခဲ့ပြီး ထောက်ပံ့ငွေ၊ ဆေးပစ္စည်းများနှင့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။  ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်က   တပ်မတော် ဆေးရုံရှိလူနာများနှင့် တပ်မိသားစုဝင်များအတွက်  အလှူငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အကြမ်းဖက်သောင်းကျန်းသူများ     အနေဖြင့် လွိုင်ကော်မြို့ တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ် ချက်ဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်မှုမရှိသော  မြို့ရွာ/ရပ်ကွက်များအတွင်းသို့    ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းကြောင့်   အပြစ်မဲ့ပြည်သူ  စုစုပေါင်း  သုံးဦး သေဆုံးခဲ့ပြီး    ၁၀  ဦး   ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူများ၏နေအိမ်များ၊ ဘုရားစေတီပုထိုးများနှင့် ဌာနဆိုင်ရာအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရ သဖြင့် ဒေသခံပြည်သူများက  အကြမ်းဖက်သောင်း ကျန်းသူများအား    ပြင်းပြင်းထန်ထန်    ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သိရသည်။       

သတင်းစဉ်