ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်

 

လွိုင်ကော်   ဧပြီ   ၂၁


၂၀၂၂ -   ၂၀၂၃    ပညာသင်နှစ် လူရည်ချွန်   စခန်းအသီးသီးသို့ သွားရောက်မည့် ကယားပြည်နယ် လူရည်ချွန် ကျောင်းသား ကျောင်း သူများကို ပြည်နယ်ဝန်ကြီးချုပ်က တွေ့ဆုံအမှာစကား   ပြောကြား ခြင်းနှင့်   ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကယားပြည်နယ် အစိုးရ အဖွဲ့ရုံး    အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊  ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာများ၊ အုပ်ချုပ်သူ ဆရာ  ဆရာမများနှင့် လူရည်ချွန်ကျောင်းသား ကျောင်း သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ        လူရည်ချွန် ကျောင်းသား  ကျောင်းသူများက တစ်ဦးချင်းအလိုက်   မိတ်ဆက် စကားပြောကြားပြီး   ပြည်နယ် ဝန်ကြီးချုပ်    ဦးဇော်မျိုးတင်က အမှာစကား   ပြောကြားရာတွင် ပြည်နယ်  အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ပြည်နယ်အတွင်း     ပညာရည် မြင့်မားရေး        လုပ်ငန်းများကို အကောင်အထည်ဖော်   ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ လူရည် ချွန် စီမံကိန်းသည် အနာဂတ်တွင် နိုင်ငံအကျိုးပြု   လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်သည့်  နိုင်ငံ့ သားကောင်းများ  ပေါ်ပေါက်လာ စေရန်နှင့် ဘက်စုံပညာထူးချွန် သည့်   လူ့စွမ်းအားအရင်းအမြစ် များ ပေါ်ထွန်းလာစေရန်အတွက် အသိပညာ၊     အတတ်ပညာနှင့် ဗဟုသုတပြည့်စုံသည့်   ကျောင်း သားလူငယ်များကို ပြုစုပျိုးထောင် ပေးခြင်းဖြစ်ကြောင်း၊   နိုင်ငံ့သား ကောင်း၊   သမီးမွန်များအနေဖြင့် နိုင်ငံအတွက်   အားထားရသော ခေါင်းဆောင်ကောင်းများ၊ နိုင်ငံ တော်ကို အလုပ်အကျွေးပြုကြမည့် သူများဖြစ်အောင် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံတွင်      စံပြအဖြစ် ကြိုးစား     ဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက်   ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက လူရည်ချွန်စခန်းအသီးသီး သို့ သွားရောက်မည့် အုပ်ချုပ်သူ ဆရာ ဆရာမများနှင့် လူရည်ချွန် ကျောင်းသား  ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ကြရာ   အုပ်ချုပ်သူ   ဆရာ  ဆရာမများ နှင့်        လူရည်ချွန်   ကျောင်းသား  ကျောင်းသူများက    လက်ခံရယူ ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက အုပ်ချုပ် သူ ဆရာ ဆရာမများနှင့် လူရည် ချွန် ကျောင်းသား ကျောင်းသူများ အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားကြောင်း သိရသည်။  

ပြည်နယ်(ပြန်/ဆက်)