ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး

 

လွိုင်ကော်   မတ်   ၈


ကယားပြည်နယ်     ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူ များသည် ယနေ့  နံနက်  ၉  နာရီ တွင်  လွိုင်ကော်မြို့  အမှတ်  (၁) အခြေခံပညာအထက်တန်းကျောင်း ၌  ၂၀၂၃  ခုနှစ်  တက္ကသိုလ်ဝင် စာမေးပွဲ  မြန်မာစာဘာသာရပ် ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့်   စတင်ဖြေဆို နေမှုကို    သွားရောက်ကြည့်ရှု အားပေးခဲ့သည်။


ကယားပြည်နယ်တွင်   လွိုင် ကော်၊  ဘောလခဲ၊  ဖားဆောင်း၊ မယ်စဲ့မြို့နယ်အသီးသီးရှိ  စာစစ် ဌာနများတွင်     ဖြေဆိုလျက်ရှိပြီး စာစစ်ဌာန လေးခုတွင် တက္ကသိုလ် ဝင်စာမေးပွဲကို ဖြေဆိုရန် စာရင်း ပေးထားသူ ၉၉၅ ဦးအနက် ယနေ့ မြန်မာစာဘာသာရပ်  ဖြေဆိုသည့်  ကျောင်းသား  ကျောင်းသူပေါင်း  ၉၂၁  ဦးနှင့် ပျက်ကွက် ၇၄ ဦးရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ    ၉၂ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း    ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရ သည်။


ပြည်နယ်အတွင်း၌ ကျောင်း သား  ကျောင်းသူများ အေးချမ်းစွာ ဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကယားပြည်နယ်   အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊      ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ကျောင်း အကျိုးတော်ဆောင်များ၊   ရပ်မိ ရပ်ဖများက ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပြီး စာဖြေခန်းများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာ ရေး စည်းကမ်းချက်များနှင့်အညီဆောင်ရွက်ထားကြောင်း  သိရှိရ သည်။    

ပြည်နယ်(ပြန်/ဆက်)