ကယားပြည်နယ်ရှိ KNPP နှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က ရှားတောမြို့နယ်   ရှားတော-လွိုင်ကော်သွား ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်းကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

 

နေပြည်တော်   ဇန်နဝါရီ  ၃
ကယားပြည်နယ်ရှိ KNPP နှင့် PDF အမည်ခံ အကြမ်း ဖက်ပူးပေါင်းအဖွဲ့က ရှားတောမြို့နယ် ရှားတော-လွိုင်ကော်သွား ကားလမ်းပေါ်ရှိ သံကူကွန်ကရစ် တံတားတစ်စင်းကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီခွဲတွင် ရှားတောမြို့နယ် ရှားတော-လွိုင်ကော်သွားကားလမ်း မိုင်တိုင်အမှတ် ၃၉ ကီလိုမီတာအနီးတွင် တည်ဆောက် ထားသည့် အရှည်ပေ ၆၀ ရှိ သံကူကွန်ကရစ်တံတား အား KNPPနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်း အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား ကြမ်းခင်းအလယ်၌ ရှစ်ပေပတ်လည်ခန့် ပွင့်ထွက် ပျက်စီးခဲ့သည်။ 
ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့်  တံတားပျက်စီးကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း နှင့် အဆိုပါတံတားကို အမြန်ဆုံး ပြန်လည်ပြုပြင် နိုင်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။ 
သတင်းစဉ်