ကယားပြည်နယ်ရှိ ဆောင်းနေကြာစိုက်ပျိုးတောင်သူများအား နေကြာမျိုးစေ့ အခမဲ့ထောက်ပံ့ပေးအပ်

 

လွိုင်ကော်      အောက်တိုဘာ  ၁၂


ကယားပြည်နယ် အစိုးရအဖွဲ့က ဦးစီး၍      ပြည်နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုး တောင်သူ များအား    နေကြာမျိုးစေ့အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီး ယား    ဓာတ်မြေဩဇာများကို သက်သာသော   နှုန်းထားဖြင့် ရောင်းချပေးအပ်ခြင်း    အခမ်း အနားကို  ယနေ့နံနက်ပိုင်းက  လွိုင်ကော်မြို့  ပြည်နယ်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ   ကယားပြည်နယ် ဝန်ကြီးချုပ်   ဦးဇော်မျိုးတင်က    ပြည်နယ်အတွင်း ဆီထွက်သီးနှံ နေကြာများ     စိုက်ပျိုးခြင်းဖြင့်    စားသုံးဆီဖူလုံလာစေရန် ရည်ရွယ် ၍      တောင်သူများအတွက်   ဆောင်းနေကြာမျိုးစေ့    အခမဲ့ ထောက်ပံ့ပေးအပ်ပြီး  ယူရီးယား ဓာတ်မြေဩဇာများကို သက်သာ သည့်  နှုန်းထားများဖြင့် ရောင်းချ ပေးခြင်းဖြစ်ကြောင်း၊     အဓိက စိုက်ပျိုးသီးနှံများအနက်    စပါး၊   ဆီထွက်သီးနှံ၊   ပဲမျိုးစုံသီးနှံများ ကိုတိုးချဲ့စိုက်ပျိုးခြင်းနှင့် တစ်ဧက   အထွက်နှုန်း   တိုးတက်အောင်     ဆောင်ရွက်ခြင်းဖြင့်    ပြည်နယ် အတွင်း ဆန်၊ ဆီ၊  ပဲ ဖူလုံမှုရရှိနိုင် မည်ဖြစ်ကြောင်း၊ ဆောင်းနေကြာ စိုက်   တောင်သူများအနေဖြင့်   ပန်းတိုင်အထွက်နှုန်း  ပြည့်မီရေး အတွက်  ကြိုးစားစိုက်ပျိုးပေးကြ  စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍     ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန     ဦးစီးမှူး  ဦးသန်းလှိုင်က    နေကြာစိုက်ပျိုး ခြင်းနှင့်     သီးထပ်စိုက်ပျိုးခြင်း အကြောင်းကို       ပါဝါပွိုင့်ဖြင့် တောင်သူ  လယ်သမားများအား အသိပညာပေး ရှင်းလင်းဆွေးနွေး သည်။


ထို့နောက်   ပြည်နယ်ဝန်ကြီး ချုပ်နှင့်     တာဝန်ရှိသူများက လွိုင်ကော်မြို့နယ်ရှိ     နိုးကိုး ကျေးရွာအုပ်စု၊ မထောခူကျေးရွာ အုပ်စု၊  နွားလဝိုးကျေးရွာအုပ်စု၊ ချိကယ်ကျေးရွာအုပ်စု၊  ဒီးမော့ဆို မြို့နယ်ရှိ   ကျွန်းတောကျေးရွာ အုပ်စု၊  ဘုရားဖြူကျေးရွာအုပ်စု၊ အိုကေကျေးရွာအုပ်စု၊  ဒေါဘူးကူး ကျေးရွာအုပ်စု၊     ဖရူဆိုမြို့နယ် ရှိ  မြို့မကျေးရွာအုပ်စု၊  ဟိုယာ ကျေးရွာအုပ်စု၊ ညောင်ဇင်ရပ်ကွက် နှင့်      ထီးတရဲရပ်ကွက်တို့ရှိ တောင်သူများအား   နေကြာစိုက် ဧက ၂၀၀၀ အတွက် နေကြာမျိုးစေ့ များ    အခမဲ့ထောက်ပံ့ပေးအပ် ကြသည်။


ယင်းနောက်    အခမ်းအနား အပြီးတွင်  ဆောင်းနေကြာစိုက် တောင်သူများအား   ယူရီးယား ဓာတ်မြေဩဇာ အိတ် ၂၀၀၀ ကို သက်သာသော    နှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း     သိရ သည်။


ပြည်နယ်(ပြန်/ဆက်)