ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေ ၊ ဆောက်လုပ်ရေးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

နေပြည်တော် ဇူလိုင် ၉


ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေများ၊  ဆောက်လုပ်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ  ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 


ဦးစွာ  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က        ပြည်နယ် အတွင်း  အခြေအနေအကြောင်း အမျိုးမျိုးကြောင့် နေရပ်စွန့်ခွာပြီး ယခုလက်ရှိတွင် နယ်မြေတည်ငြိမ် အေးချမ်းလာပြီဖြစ်၍  ပြည်နယ် အတွင်းသို့   ပြန်လည်ဝင်ရောက် နေထိုင်သော  နေရပ်ပြန်ပြည်သူ များအား   ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်  ထပ်မံကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း  ပြောကြား သည်။   
ထို့နောက်       အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်မှ    တာဝန်ရှိသူ တစ်ဦးက      နယ်မြေလုံခြုံရေး လုပ်ငန်းဆောင်ရွက်ပေးနေမှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။ 

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်       တာဝန်ရှိသူများက လွိုင်ကော်မြို့နယ်     အတွင်းရှိ ဘုန်းတော်ကြီး   ကျောင်းများ၊ ဘုရားကျောင်းများ၊   သီလရှင် ကျောင်းများ၊    နာနတ်တော၊ အောင်မင်္ဂလာ၊   အောင်တေဇ၊ နမ့်ဘောဝမ်(က)၊ နမ့်ဘောဝမ်(ခ)၊ ဒေါတမ၊  ဒေါပေါ်ကလဲ၊  မိုင်းလုံး၊ ဒေါဥခူ ဧက ၅၀၀နှင့် ထေးသမ ရပ်ကွက်များ၊ ချိကယ်၊ နွားလဝိုး၊ ပန်ကန်းကျေးရွာ  အုပ်စုများနှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အိုကေ၊  သာယပ်၊  ဒေါဘူးကူး၊ ဆင်တောင်၊     ဘုရားဖြူနှင့်   ဆောင်ဒူရွာသစ် ကျေးရွာအုပ်စုများရှိ      နေရပ်ပြန် ပြည်သူများအတွက်      ထောက်ပံ့ ငွေများ၊   ဆောက်လုပ်ရေးပစ္စည်း များ၊ စားသောက်ကုန်ပစ္စည်းများ နှင့်   Family   Kit  ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြရာ   သက် ဆိုင်ရာ  ဘာသာရေးခေါင်းဆောင် များနှင့်   ရပ်ကွက်ကျေးရွာများမှ  ရပ်မိရပ်ဖများက    လက်ခံရယူ ကြသည်။

 


ဆက်လက်၍   ရပ်ကွက်ကျေးရွာ များ ကိုယ်စားတက်ရောက်လာကြ သော   ပြည်သူများက လိုအပ်သည် များကို     ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန်ရှိ သူများက    ဆောင်ရွက်ပေးမည့် အစီအစဉ်များကို        ပြန်လည် ရှင်းလင်းပြောကြားသည်။

 


ထို့နောက် ပြည်သူများကိုယ်စား  ဒေါဥခူရပ်ကွက်နေ ပြည်သူတစ်ဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။    
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်          တာဝန်ရှိသူများက  တက်ရောက်လာကြသော  ပြည်သူ များအား   ရင်းရင်းနှီးနှီးတွေ့ဆုံ  နှုတ်ဆက်         အားပေးစကား ပြောကြားသည်။

 


ယနေ့         အခမ်းအနားတွင် ကယားပြည်နယ်   အစိုးရအဖွဲ့ကလွိုင်ကော်မြို့နယ်       အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် ဘာသာရေး ကျောင်း       ခြောက်ကျောင်း၊ လွိုင်ကော်မြို့နယ်နှင့်  ဒီးမော့ဆို မြို့နယ်အတွင်းရှိ  နေအိမ်ထိခိုက် ပျက်စီးသည့်   အဆောက်အအုံ ၁၄၂ လုံးတို့အတွက် ထောက်ပံ့ငွေကျပ် ၂၉၃ သိန်း၊  သွပ်အချပ်  ၄၆၀၀၊ ဘိလပ်မြေအိတ် ၂၃၀၀၊ ဘာသာ ရေးကျောင်းများရှိ      ယာယီစစ် ဘေးရှောင်ပြည်သူများနှင့် နေရပ် ပြန်ပြည်သူများအတွက် ဆန် ၂၂၅ အိတ်နှင့် ၁၂ ပြည်၊ ဆီ ၁၇၈ ပိဿာ နှင့် ဆား ၅၉၄ ထုပ်၊ ဘေးအန္တရာယ် ဆိုင်ရာ    စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၁၅၈၃၀၀၀၀ နှင့် Family Kit အစုံ ၄၀ တို့ကို ထောက်ပံ့ပေးပြီး        စုစုပေါင်း ထောက်ပံ့မှုမှာ             ငွေကျပ် ၁၀၈၉၁၇၆၀၀          ဖြစ်ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်