ကယားပြည်နယ် လွိုင်ကော်မြို့၌ ကျောင်းသူ ကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေး

 

လွိုင်ကော်       ဇွန်    ၄
ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်လျက်ရှိရာ  ယမန်နေ့  နံနက်ပိုင်းတွင်  ကယားပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စာသင်ဆောင်များ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး       ကျောင်းပရိဝုဏ်အတွင်း သန့်ရှင်းသာယာရေးနှင့်  ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းစာကြည့်တိုက်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက်   ကျောင်းအုပ်ကြီးရုံးခန်း၌   ဆရာ  ဆရာမများနှင့်   တွေ့ဆုံ၍  တင်ပြမှုအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က  လိုအပ်သည်များ ဆောင်ရွက်ပေးသည်။
ဆက်လက်၍    ဇွန်  ၄  ရက်တွင်    ပြည်နယ် ဝန်ကြီးချုပ်နှင့်  ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် အခြေခံပညာအလယ်တန်းကျောင်း ဒေါတမသို့ သွား ရောက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ကြား  နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး  ကျောင်း ဝင်းအတွင်း     သန့်ရှင်းသာယာရေးနှင့်      ဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။  ထို့နောက်  အမှတ်(၅)  အခြေခံပညာ အထက်တန်းကျောင်း‌သို့ သွားရောက်၍  ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းခန်းမ၌ ဆရာ    ဆရာမ များကို    တွေ့ဆုံအားပေးစကား    ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ကတင်ပြချက် များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကယားပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်ကို မေ ၂၃ ရက်မှ ဇွန် ၂  ရက်အထိ အခြေခံ ပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန်  ၃  ရက်မှစတင်ကာ  ကယားပြည်နယ် အစိုးရအဖွဲ့၏    ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်း    မြို့နယ် အသီးသီးရှိ  ကျောင်းများတွင် ကျောင်းသား  ကျောင်း သူများ   အေးချမ်းစွာဖြင့်   ပညာသင်ကြားနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။                   ပြည်နယ် (ပြန်\ဆက်)