
ကဝ နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပဲခူးမြစ်အတွင်းသို့ နိုဝင်ဘာ ၇ ရက်က ပဲခူးငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း ကောင်ရေ ၁၅၀၀၀၀ နှင့် ငါးခုံးမကြီး ကောင်ရေ ၁၀၀၀၀၀ စုစုပေါင်းကောင်ရေ ၂၅၀၀၀၀ မျိုးစိုက်ထည့်ပေးခဲ့သည်။ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယတိုင်း ဒေသကြီးဦးစီးဌာနမှူး ဦးစိုးမင်း၊ ပဲခူးခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ ကဝမြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်မှု ကော်မတီ အဖွဲ့ဝင်များဖြစ်သော စိုက်ပျိုးရေးဦးစီး ဌာနမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှူး၊ စီမံကိန်း ရေးဆွဲရေးဦးစီး ဌာနမှူးနှင့် ရေလုပ်သားကြီးများက ငါးမျိုး စိုက်ထည့်ပေးခဲ့သည်။ သတင်းစဉ်