ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်

 

စစ်တွေ   မေ   ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    ဒုတိယဝန်ကြီးချုပ်နှင့်      ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  တင်အောင်စန်းသည် ယနေ့နံနက် ပိုင်းက   ရခိုင်ပြည်နယ်အတွင်း   မိုခါမုန်တိုင်းဘေးဒဏ်သင့်ခဲ့သည့် ပို့ဆောင် ရေးနှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဝန်ထမ်း များအား   ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ ဆိပ်ကမ်း များသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ  ထပ်မံရောက်ရှိလာမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ      ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည်  စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်း            အာဏာပိုင် ဖောင်တော်ကြီး         ဆိပ်ခံတံတား ရှင်းလင်းဆောင်၌   ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း           မိုခါ မုန်တိုင်း             ဘေးဒဏ်သင့်ခဲ့သည့် ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန   လက်အောက်ရှိဌာန များမှ ဝန်ထမ်းများအား ထောက်ပံ့ ငွေနှင့်   ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲ           အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင်      ဗိုလ်ချုပ် ကြီး    တင်အောင်စန်းက     မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့်    မိမိ တို့ ဌာနများတွင်လည်း အုပ်ချုပ်မှု အဆောက်အဦများ၊             လူနေ အဆောက်အဦများ ထိခိုက်ပျက်စီး မှုရှိ ခဲ့ပါကြောင်း၊     ကူညီကယ်ဆယ် ရေးနှင့်   ပြန်လည်ထူထောင်ရေး ပစ္စည်းများ     ခွဲဝေရရှိမှုအပေါ် မူတည်၍   ဦးစားပေး   အစီအစဉ် အလိုက်  ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်    ဖြစ် ကြောင်း၊     ယခုပေးအပ်သည့် ထောက်ပံ့ငွေ           များသည် လတ်တလော   အရေးပေါ် သုံးစွဲရ မည့်         ကိစ္စရပ်များအတွက် အထောက်အပံ့ဖြစ်စေရန် ပေးအပ် ခြင်းဖြစ်ပါကြောင်း၊   ထို့ကြောင့် မုန်တိုင်းဒဏ်သင့်    အခြားဒေသ များသို့    ဆောလျင်စွာ   ပေးပို့ ထောက်ပံ့သွားရန်        လိုအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက်            ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည်   ထောက်ပံ့ ငွေနှင့်     ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ  ဌာနအလိုက် တာဝန်ရှိ သူများက          လက်ခံရယူကြ ပြီး  ဝန်ထမ်းတစ်ဦး က   ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံ တံတား၌  AQUARIUS  သင်္ဘော ပေါ်မှ        ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်     အသုံးပြုမည့် ပစ္စည်းများကို    စက်ယန္တရားကြီး များဖြင့်            ဆိပ်ကမ်းပေါ်သို့ ပို့ဆောင်နေမှု  အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။  
ဆက်လက်၍    ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည်    ဒုတိယ ဗိုလ်ချုပ်ကြီး    ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တို့နှင့်အတူ စစ်တွေမြို့ ဘက်စုံသုံး ဆိပ်ကမ်းသို့      သွားရောက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးပစ္စည်းများ   သယ် ဆောင်လာသည့်        စစ်ရေယာဉ် မြစ်ကြီးနား           ဆိုက်ရောက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရောက်ရှိလာသည့်    ပြန်လည် ထူထောင်ရေး         ပစ္စည်းများအား ဘေးသင့်ဒေသများသို့ ဆောလျင် စွာ ဖြန့်ခွဲပေးပို့နိုင်ရေး စနစ်တကျ စီမံဆောင်ရွက်သွားကြရန်    မှာ ကြားသည်။
မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ် ကြီး   ထွန်းထွန်းနောင်၊   ပြည်နယ် ဝန်ကြီးချုပ်      ဦးထိန်လင်းနှင့် ဒုတိယ   ဗိုလ်ချုပ်ကြီး   ဖုန်းမြတ်တို့ သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံး၌  ကျင်းပသည့်  သဘာဝဘေး ပြန်လည်      ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း  အစည်းအဝေးသို့ တက်ရောက်ပြီး  လုပ်ငန်းကော်မတီ အလိုက်         တာဝန်ရှိသူများ၏  ပြန်လည်      ထူထောင်ရေးဆိုင်ရာ တင်ပြချက်များပေါ်    လိုအပ်သည် များ   ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သမဝါယမနှင့်      ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန    အနေဖြင့် ရခိုင်ပြည်နယ်အတွင်း   မုန်တိုင်း ဒဏ်သင့်မြို့ရွာများ သန့်ရှင်းသော သောက်သုံးရေ  ရရှိစေရေးအတွက် ရွေ့လျားရေသန့်ကားများ၊    Life Straw (ရေနောက်မှရေကြည်သို့ သန့်စင်ပေးသည့်)    ရေသန့်စက် များ၊ ဆိုလာစနစ်သုံး ရွေ့လျားရေ သန့်စက်များဖြင့်          ဖြန့်ဝေပေး လျက်ရှိသည်။
ရွေ့လျားရေသန့်ကားများကို စစ်တွေမြို့နယ်တွင် သုံးစီး၊ ရသေ့ တောင်မြို့နယ်တွင်       နှစ်စီး၊ မင်းပြားမြို့နယ်တွင် တစ်စီး ဖြန့်ခွဲ ပေးပို့ထားပြီး  ထပ်မံရောက်ရှိလာ မည့်      ရွေ့လျားရေသန့်ကား သုံးစီးကိုလည်း   ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့်   မြောက်ဦးမြို့နယ် များသို့ အမြန်ဆုံးပေးပို့သွားမည် ဖြစ်သည်။
အဆိုပါ  ရွေ့လျားရေသန့်ကား များသည် တစ်နာရီလျှင် ရေဂါလန် ၈၀၀ သန့်စင်ပေးနိုင်ပြီး  မေ ၁၆ ရက်မှ ၃၁ ရက်အထိ သက်ဆိုင်ရာ မြို့နယ်၊   ကျေးရွာ၊   ရပ်ကွက် အသီးသီး၌       သန့်ရှင်းသော သောက်သုံးရေ  ဂါလန်  ၂၈၅၅၀၀ ဖြန့်ဝေပေးနိုင်ခဲ့ပြီးဖြစ်သည်။
အလားတူ လျှပ်စစ်ဓာတ်အား မလိုအပ်သည့်   တစ်နာရီလျှင်   ၃ ဂါလန်ခန့် သန့်စင်ပေးနိုင်သော  Life Straw (ရေနောက်မှရေကြည် သို့ သန့်စင်ပေးသည့်) ရေသန့်စက် အလုံး ၂၁၀ ကို စစ်တွေ၊ ပုဏ္ဏား ကျွန်း၊   ရသေ့တောင်၊   ကျောက် တော်၊ မင်းပြား၊  မြောက်ဦး၊ ပေါက် တော၊ ဘူးသီးတောင်၊ မောင်တော နှင့် မြေပုံမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း  ၁၄၃  ရွာသို့ ဖြန့်ခွဲ ပေးပို့ထားပြီး ယင်းရေသန့် စက် တစ်လုံးသည်    လူဦးရေ    ၁၀၀  အတွက်  တစ်နေ့တာ သောက်သုံး ရန်ရေကို လုံလောက်စွာ သန့်စင် ပေးနိုင်ကြောင်း သိရသည်။
ထို့အတူ   မြေသားရေစုကန်မှ နောက်ကျိနေသော        ရေများကို စုပ်ယူသန့်စင်ပေးနိုင်သည့် ဆိုလာ သုံး ရွေ့လျားရေသန့်စက် သုံးစုံ ဖြင့် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များ ၌  လှည့်လည်သန့်စင်  ဖြန့်ဝေပေး လျက်ရှိပြီး   အဆိုပါ ရေသန့်စက်များသည် တစ်နာရီ လျှင်  ဂါလန် ၃၀၀ ခန့်    သန့်စင် ပေးနိုင်သည်။ ထို့ပြင်   ဆိုလာစနစ် သုံး    ရေသန့်စက် ၁၇ လုံး   ထပ်မံ ရောက်ရှိလာမည်ဖြစ်ပြီး မုန်တိုင်း ဒဏ်သင့်   မြို့နယ်များအတွင်းရှိ ကျေးရွာများသို့     ဆက်လက်ဖြန့်ခွဲ ပေးပို့သွားမည်ဖြစ်သည်။
၂၀၂၃-၂၀၂၄   ပညာသင်နှစ် အတွက်    အခြေခံပညာကျောင်း များကို ဇွန်  ၁  ရက်တွင်   စတင် ဖွင့်လှစ်မည်ဖြစ်ပြီး  မေ ၂၃ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်  သတ်မှတ်၍ တစ်နိုင်ငံလုံး    အတိုင်းအတာဖြင့် ကျောင်းအပ်နှံ လက်ခံမှုများ ဆောင် ရွက်လျက်ရှိရာ ‌    ရခိုင်ပြည်နယ်အတွင်းရှိ   အခြေခံ ပညာကျောင်းများ၊     ကိုယ်ပိုင် ကျောင်းများ၊       ဘုန်းတော်ကြီး သင်         ပညာရေးကျောင်းများ၌         ယနေ့အထိ         အခြေခံပညာ             (အထက်တန်း၊     အလယ်တန်း၊ မူလတန်း)         ကျောင်းအပ်နှံမှု   အခြေအနေမှာ    မြို့နယ် ၁၇        မြို့နယ်တွင်    စုစုပေါင်း ၃၇၄၉၀၄ ဦး      ကျောင်းအပ်နှံခဲ့ပြီးဖြစ် ကြောင်းနှင့်   ရခိုင်ပြည်နယ်အတွင်း ရှိ အထက်တန်း၊ အလယ်တန်းနှင့်     မူလတန်းကျောင်းများ     အားလုံး တစ်ပြိုင်တည်း     ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း      သတင်းရရှိ သည်။
သတင်းစဉ်