
နေပြည်တော် မေ ၃၀
ရခိုင်ပြည်နယ် စစ်တွေ၊ မင်းပြား၊ မြောက်ဦးတပ်နယ် တို့ရှိ နယ်မြေခံတပ်များသို့ ယနေ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သောက်သုံးရေလုံလောက်စွာရရှိရေးနှင့် စိုက်ပျိုး/ မွေးမြူရေး ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသကြ သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်အဖွဲ့ဝင်များသည် မင်းပြားမြို့နှင့် မြောက်ဦးမြို့တို့ရှိ နယ်မြေခံတပ်ရင်း များမှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက် အားပေးစကားပြောကြားပြီး မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်(MMCA)နှင့် အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် ချက်ပြုတ် ပေးပို့လှူဒါန်းသည့် ဒံပေါက်ထမင်းဘူးများ၊ စားသောက် ဖွယ်ရာပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်သည်။
ယင်းနောက် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ ကျောင်းသုံးလွယ်အိတ်နှင့်ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ (ယာပုံ) ၎င်းနောက် မင်းပြားနှင့် မြောက်ဦးမြို့နယ်အတွင်း သောက်သုံးရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်း များ တူးဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်ချက်များအား လိုက်လံ ရှင်းလင်းပြသကြသည်။
အလားတူ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက စစ်တွေမြို့ နယ်မြေခံတပ်ရှိ သတ်မှတ်နေရာ၌ စတု ဒိသာထမင်း/ဟင်းချက်ပြုတ်နေမှုများကို သွားရောက် ကြည့်ရှုအားပေးပြီး လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေစေရန်အတွက် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိသော မီးသတ်တပ်ဖွဲ့ဝင်များ အား ဒံပေါက်ထမင်းဘူးများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်