ကျူးဘားနိုင်ငံ ဟာဗားနားမြို့ မြန်မာသံရုံး၌ ကြိုတင်ဆန္ဒမဲစတင်ပေး


 

နေပြည်တော် အောက်တိုဘာ ၂၀


နိုင်ငံပြင်ပသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ကျူးဘား နိုင်ငံ ဟာဗားနားမြို့ရှိ မြန်မာသံရုံးတွင် အောက်တိုဘာ ၁၉ ရက်က မဲရုံ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ မဲဆန္ဒရှင် (၃) ဦး ကြိုတင်မဲပေးခဲ့ကြကြောင်း သိရ သည်။
မြန်မာသံရုံး၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများကို သက်ဆိုင်ရာနိုင်ငံ များမှ ချမှတ်ထားသော ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်း များနှင့်အညီ စနစ်တကျစီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များကလည်း မြန်မာသံရုံးများမှ စီစဉ်ဆောင်ရွက်ထားသည့်အတိုင်း လိုက်နာကာ စနစ်တကျ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်