ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်းနှင့် အဆင့်မြင့်ဆေးရုံတည်ဆောက်ခြင်းလုပ်ငန်းများအတွက် သဘောတူလက်မှတ်ရေးထိုး

 

တောင်ကြီး   စက်တင်ဘာ   ၃၀


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်  ရွှေညောင်မြို့ ကုန်တင်ယာဉ်ကြီးများရပ်နားစခန်း တည် ဆောက်ခြင်းလုပ်ငန်းနှင့်   အေးသာယာမြို့    အဆင့်မြင့်ဆေးရုံတည်ဆောက်ခြင်းလုပ်ငန်းများအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနနှင့် J United Co.,Ltd ၊ Danu Min Thar Co.,Ltd တို့အကြား သဘောတူစာချုပ်ချုပ်ဆိုခြင်းကို  ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့  ရှမ်းပြည်နယ် အစိုးရရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာ ကျော်ထွန်းက     ကုန်တင်ယာဉ်ကြီးများ  ရပ်နားစခန်း  စီမံကိန်း အကောင်အထည်ဖော်ပြီးပါက   ကုန်စည် စီးဆင်းရေး    မြန်ဆန်သွက်လက်ခြင်း၊     ယာဉ်ကြော ပိတ်ဆို့မှု အခက်အခဲများ ပြေလည်စေခြင်းတို့အပြင် အဆင့်မြင့် ဆေးရုံတစ်ခု   ပေါ်ပေါက်လာမည်ဖြစ် သည့်အတွက်       ဒေသခံပြည်သူများအတွက်     ကောင်းမွန်အဆင့်မြင့် သည့်     ကျန်းမာရေးဝန်ဆောင်မှုများကို        ၂၄ နာရီ   ရရှိနိုင်မည်ဖြစ် ကြောင်း၊     ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်    တစ်ထောင့်တစ်နေရာမှ     အထောက် အကူပြုမည့်     လုပ်ငန်းစီမံကိန်းများ ဖြစ်သည့်အတွက်  လုပ်ကိုင်ခွင့်ရရှိသည့်ကုမ္ပဏီအနေဖြင့်     လုပ်ငန်းများကို မြန်မြန်ဆန်ဆန်  အကောင်အထည်ဖော်     ဆောင် ရွက်ကြရန်နှင့်    လုပ်ငန်းဆောင်ရွက်ရာတွင်    အခက် အခဲများရှိပါက    ဌာနနှင့်   ညှိနှိုင်းဆောင်ရွက်ကြရန်  ပြောကြားသည်။


 သဘောတူစာချုပ်လက်မှတ်ရေးထိုး


ဆက်လက်၍  ရှမ်းပြည်နယ်စည်ပင်သာယာရေး ဌာန    ညွှန်ကြားရေးမှူး    ဦးစိုင်းထွန်းထွန်းက  စီမံကိန်းလုပ်ငန်းများနှင့်   ပတ်သက်၍    ရှင်းလင်း တင်ပြပြီး     တောင်ကြီးမြို့နယ်     ရွှေညောင်မြို့   ကုန်တင်ယာဉ်ကြီးများ   ရပ်နားစခန်းတည်ဆောက် ခြင်းလုပ်ငန်းနှင့်  အေးသာယာမြို့ အဆင့်မြင့်ဆေးရုံ တည်ဆောက်ခြင်းလုပ်ငန်းများအတွက်      သဘောတူ စာချုပ် လက်မှတ်ရေးထိုးသည်။


တည်ဆောက်ရေးကာလသုံးနှစ်ဖြစ်


အဆိုပါလုပ်ငန်းတွင် အေးသာယာမြို့ အမှတ်(၄) ရပ်ကွက်   ကွင်းအမှတ်(၃၁)ရှိ    နှစ်(၃၀)မြေငှားဂရန်   ရရှိပြီးဖြစ်သော  မြေဧရိယာ ၁ ဒသမ ၇၅၃ ဧကနှင့် ရင်းနှီးမြှုပ်နှံမှုငွေကျပ် ၂၀၅၃ သန်း၊  တည်ဆောက် ရေးကာလမှာ လေးနှစ်ဖြစ်ကြောင်းနှင့် ရွှေညောင်မြို့ ကုန်တင်ယာဉ်ကြီးများ     ရပ်နားစခန်းတည်ဆောက် ခြင်းလုပ်ငန်း၌   ရွှေညောင်မြို့    မင်္ဂလာရပ်ကွက်၊  ကွင်း(၈၁၆)  အကွက်အမှတ်(က)   အမည် (နန်းကွတ် ကျောင်းသစ်ရပ်) မြေဧရိယာ ၅ ဒသမ ၉၄၄ ဧက၊   ရင်းနှီးမြှုပ်နှံမှုငွေကျပ်သန်း ၃၃၂၀၊      တည်ဆောက် ရေးကာလသုံးနှစ်ဖြစ်ပြီး  လုပ်ငန်းဆောင်ရွက်ခွင့် အတွက်   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ     ဆောင်ရွက် ပေးမှုမှာ တံတားအမှတ်(၁) အရှည် ၁၀ ပေ၊ အကျယ် ၂၆ ပေ၊ အမြင့် ခုနစ်ပေ၊  တံတားအမှတ် (၂) အရှည် (၁၀)ပေ၊  အကျယ် ၂၆ ပေ၊    အမြင့်ခုနစ်ပေတို့ဖြစ်ကြောင်း သိရသည်။          


မောင်မောင်သန်း(တောင်ကြီး)