ကုန်သွယ်မှုဆိုင်ရာနည်းပညာ အတားအဆီးများကို လျှော့ချနိုင်ရန် စံချိန်စံညွှန်းများ ချမှတ်သုံးစွဲနိုင်မည့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးရန်လို

 

 

နေပြည်တော်  ဒီဇင်ဘာ  ၂၁
မြန်မာနိုင်ငံ၏   အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ    ခိုင်မာအားကောင်းစေရေး အတွက်   စံချိန်စံညွှန်းကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ   သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန၌  ကျင်းပသည်။
ဆွေးနွေးပွဲသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာမျိုးသိန်းကျော်၊   စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီ ၂၅ ခုမှ ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများ၊  သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ     ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ ဥက္ကဋ္ဌ၊   ပြည်ထောင်စုဝန်ကြီးက   စံချိန်စံညွှန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တာဝန်ယူဆောင်ရွက်နေ သည့်   နည်းပညာဆပ်ကော်မတီ၏   စံချိန်စံညွှန်း ချမှတ်ခြင်း    လုပ်ငန်းစဉ်များနှင့်   ပတ်သက်၍ ဖြည့်ဆည်းညှိနှိုင်း   ဆောင်ရွက်နိုင်ရန်၊   ကော်မတီ အဆင့်ဆွေးနွေးလျက်ရှိသည့်    မြန်မာစံချိန်စံညွှန်း (မူကြမ်း) များကို     နောက်ဆုံးမူကြမ်းရရှိအောင် ဆောင်ရွက်ရန်၊  မိမိနိုင်ငံမှ ထုတ်လုပ်သော ပစ္စည်း များနှင့်  တင်သွင်းလာသည့်ပစ္စည်းများကို   စံချိန် စံညွှန်းများနှင့်  အရည်အသွေး  ကိုက်ညီစွာစစ်ဆေး နိုင်ရန်အတွက် ဓာတ်ခွဲခန်းများ၊ စစ်ဆေးသည့် အဖွဲ့ အစည်းများကို  အပြည်ပြည်ဆိုင်ရာ  အသိအမှတ်ပြု ရရှိရန်အတွက် အဆင့်မြှင့်တင်ရန်၊  စားသုံးသူ၊ သုံးစွဲ သူများ   ဘေးအန္တရာယ်ကင်းရှင်း  လုံခြုံစိတ်ချရပြီး ကုန်သွယ်မှုဆိုင်ရာနည်းပညာ အတားအဆီးများကို လျှော့ချနိုင်ရန်အတွက်  စံချိန်စံညွှန်းများ  ချမှတ် သုံးစွဲနိုင်မည့်     ရှေ့လုပ်ငန်းစဉ်များ      ဆွေးနွေးရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်  သက်ဆိုင်ရာနည်း ပညာဆပ်ကော်မတီဥက္ကဋ္ဌများက မြန်မာစံချိန်စံညွှန်း များ   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း   ဆောင်ရွက်ချက် များနှင့် နည်းပညာ ဆပ်ကော်မတီအလိုက် ဦးစားပေး စံချိန်စံညွှန်းများကို ဆက်လက်ချမှတ်နိုင်ရန်၊ မြန်မာ စံချိန်စံညွှန်းများကို   အပြည်ပြည်ဆိုင်ရာနှင့်   ဒေသ ဆိုင်ရာ   အာဆီယံစံချိန်စံညွှန်းများနှင့်   တစ်ပြေးညီ စံချိန်စံညွှန်းများချမှတ်နိုင်ရန်၊  စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ  စစ်ဆေးပေးနိုင်မည့်   အသိအမှတ်ပြု ဓာတ်ခွဲခန်းများ ပေါ်ထွန်းလာရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန်၊      သုံးစွဲသူများဘေးကင်းလုံခြုံမှု အတွက်   မြန်မာစံချိန်စံညွှန်းများအား   အသုံးပြုမှု မြှင့်တင်နိုင်ရန်နှင့်   ပို့ကုန်တိုးမြင့်ရေးကို အထောက် အကူပြုနိုင်ရန် Certification Body များ တည်ထောင် သွားရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍   အပြန်အလှန် ဆွေးနွေးတင်ပြကြပြီး     အမျိုးသားစံချိန်စံညွှန်း ကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက  လိုအပ် သည်များကို     ပေါင်းစပ်ညှိနှိုင်း     ဆောင်ရွက်ပေးခဲ့ ကြောင်း     သိရသည်။                         သတင်းစဉ်