ကုန်သွယ်လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်လမ်းကြောင်း တစ်နည်းအားဖြင့် လမ်းကြောင်းအမှားမှသွားသည်ကို ဖမ်းဆီးအရေးယူရန် လိုအပ်သကဲ့သို့ လမ်းကြောင်းမှန်ပေါ်မှသွားလာနိုင်ရေးကိုလည်း တတ်နိုင်သမျှတည့်မတ်ပေးကြရမည်

 

နေပြည်တော်   ဩဂုတ်  ၁၉


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး (၄/၂၀၂၂) ကို ယနေ့မွန်းလွဲ ၂ နာရီတွင်  နေပြည်တော်ရှိ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ညီလာခံခန်းမ၌  ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

 


အစည်းအဝေးသို့     ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊  ဦးဝင်းရှိန်၊ ဒေါက်တာပွင့်ဆန်း၊     ဒုတိယဝန်ကြီး   ဦးညွန့်အောင်၊ နေပြည်တော်ကောင်စီဝင်    ဗိုလ်မှူးကြီး မင်းနောင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်        တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများက  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

 


အထိုက်အလျောက်အောင်မြင်


ဦးစွာ       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က    အမှာစကား ပြောကြားရာတွင်  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီကို  ပြင်ဆင်ဖွဲ့စည်းဆောင် ရွက်ခဲ့သည်မှာ      ယခုဆိုလျှင်   သက်တမ်းအားဖြင့် (၉)လအတွင်းသို့  ရောက်ရှိလာပြီဖြစ်ပြီး တိုင်းဒေသ ကြီးနှင့်ပြည်နယ်   တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့များအနေဖြင့် တရားမဝင်ကုန်ပစ္စည်း များကို   ဘက်ပေါင်းစုံမှ    တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  အထိုက်အလျောက်အောင်မြင်မှု ရရှိသည်ကို တွေ့ရကြောင်း။ 

 


ပူးပေါင်းဆောင်ရွက်မှုထက်သန်ခြင်း၊  အမိန့်နာခံ မှုအားကောင်းခြင်းနှင့်   စည်းကမ်းလိုက်နာခြင်းတို့ သည်  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်း များ အောင်မြင်ရေးတွင်အရေးပါသည့် အခြေခံအချက် များဖြစ်သည့်အတွက်  ယင်းအလေ့အကျင့်ကောင်း များကို  ဆက်လက်သယ်ဆောင်သွားကြရန်၊ နောင် တာဝန်ထမ်းဆောင်ကြမည့်   ဝန်ထမ်းများနှင့်    ဌာန ဆိုင်ရာအဖွဲ့အစည်းများကို   လက်ဆင့်ကမ်းပေးသွား ကြစေလိုကြောင်း။ 

 


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်   တိုးတက်မှုနှင့်ထိရောက်မှု ရှိ/မရှိကို ကိန်းဂဏန်းများနှင့်  တိုက်ရိုက်နှိုင်းယှဉ်သိရှိနိုင်သကဲ့သို့         တရားဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုမည်မျှအထိ       တိုးတက်လာသည်ကို  သွယ်ဝိုက်၍လည်း တိုင်းတာသိရှိနိုင်ကြောင်း။  

 


နှစ်ဆနီးပါးတိုးတက်လာ


လအလိုက်    ဖမ်းဆီးရမိမှုကို ကြည့်မည်ဆိုလျှင် ဇွန်လတွင် ဖမ်းဆီးရမိမှု  စုစုပေါင်းတန်ဖိုး ငွေကျပ် (၃ ဒသမ ၄)ဘီလီယံသာရှိခဲ့သော်လည်း ဇူလိုင်လတွင် ငွေကျပ် (၆ ဒသမ ၁) ဘီလီယံအထိ နှစ်ဆနီးပါးတိုးတက်လာသည်ကိုတွေ့ရကြောင်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်  ဖမ်းဆီးရမိမှုကို ကြည့်မည်ဆိုလျှင် ဇူလိုင်လအတွင်း  ပဲခူးတိုင်းဒေသကြီး၌  ဖမ်းဆီးရမိမှု အများဆုံးဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်အများစုတွင် ဖမ်းဆီးရမိမှုများ   ယခင်လထက်   ပိုမို တိုးတက်လာသည်ကို တွေ့ရကြောင်း။ 

 


ကြိုးပမ်းအားထုတ်မှုဖြစ်၍ အသိအမှတ်ပြု


ဇန်နဝါရီလမှ   ဇူလိုင်လအထိ (၇)လတာကာလ အတွင်း ဖမ်းဆီးရမိမှု အမှုတွဲ (၂၁၈၂)မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ်(၃၁ ဒသမ ၂၈) ဘီလီယံဖြစ်ပြီး  ယခင်နှစ် အလားတူကာလနှင့်   နှိုင်းယှဉ်ပါက     ဖမ်းဆီးရမိ အမှုတွဲ(၉၃၀)၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၂၅ ဒသမ ၄၆) ဘီလီယံပိုမိုရရှိခဲ့ကြောင်း၊   ထိုသို့ပိုမိုရရှိခြင်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်  တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၊    အကောက်ခွန် အပါအဝင် OSS အဖွဲ့ဝင်ဌာနဆိုင်ရာများ၏  ကြိုးပမ်း အားထုတ်မှုဖြစ်၍ အသိအမှတ်ပြုပါကြောင်း။

 


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ပါဝင် ကြသူများအနေဖြင့်  ဖမ်းဆီးရမိမှုများကို တိုးတက် အောင်      အားထုတ်ကြိုးပမ်းလုပ်ဆောင်ကြရမည် ဖြစ်သကဲ့သို့  အခြားတစ်ဖက်တွင်လည်း   မိမိတို့၏ အဓိကရည်မှန်းချက်ပန်းတိုင်ဖြစ်သည့်    တရားမဝင် ကုန်သွယ်မှုလျော့နည်းပပျောက်ရေးကို ဖော်ဆောင် သွားကြရမည်ဖြစ်ကြောင်း။

 


 တည့်မတ်ဆောင်ရွက်ပေး


ထိုသို့ဖော်ဆောင်ရာတွင်  ကုန်သွယ်လုပ်ငန်းရှင် များအနေဖြင့်   တရားမဝင်လမ်းကြောင်း   တစ်နည်း အားဖြင့်  လမ်းကြောင်းအမှားမှသွားသည်ကို ဖမ်းဆီး အရေးယူရန်   လိုအပ်သကဲ့သို့  လမ်းကြောင်းမှန်ပေါ် မှသွားလာနိုင်ရေးကိုလည်း  တတ်နိုင်သမျှတည့်မတ် ပေးကြရမည်ဖြစ်ကြောင်း၊        ပြည်သူများအား အသိပညာပေးခြင်းများနှင့်   လမ်းကြောင်းတည့်မတ် ပေးနိုင်ရေးအတွက်    ဥပဒေ၊  လုပ်ထုံးလုပ်နည်းများ နှင့်အညီ   တည့်မတ်ဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း။ 

 


ထို့ကြောင့်  အထူးအဖွဲ့များ၊  OSS  အဖွဲ့ဝင်များ အနေဖြင့် တရားမဝင်ကုန်ပစ္စည်းများကို ထိရောက် စွာ ဖမ်းဆီးနိုင်ရေး ကြိုးပမ်းအားထုတ်ကြရမည်ဖြစ် သကဲ့သို့   ကုန်သည်လုပ်ငန်းရှင်များကို   ကုန်သွယ်မှု များ   မှန်မှန်ကန်ကန်   ဆောင်ရွက်တတ်စေရေးနှင့် လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေရေးအတွက်  ကူညီ ထိန်းကျောင်းပေးရန်လိုအပ်ကြောင်း။  

 


မဖြစ်မနေ ရှာဖွေစစ်ဆေးသွားကြရမည်


ကုန်ပစ္စည်းများကို   ဖွင့်ဖောက်စစ်ဆေးရာတွင် လည်း   Random Check ဖြင့်သာ   စစ်ဆေးမှုများမှ တစ်ဆင့် Detail Check စနစ်ဖြင့် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊  ထို့ကြောင့် အဓိကအရေးကြီး စစ်ဆေးရေးစခန်းများတွင်  Detail Check စနစ်ဖြင့် မဖြစ်မနေ ရှာဖွေစစ်ဆေးသွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်    ရှာဖွေစစ်ဆေးရေးစက်ကိရိယာများ အကူအညီဖြင့်  မဖြစ်မနေထားရှိဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။  အလားတူ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအတိုင်း    သိမ်းဆည်းရမိ တရားမဝင်          အကောက်အခွန်မဲ့ပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်   သိမ်းဆည်းသည့်လုပ်ငန်း များတွင်   မသမာမှုနည်းလမ်းများဖြင့်  ကြန့်ကြာမှု မရှိစေရေး၊ အမှုမှလွတ်မြောက်စေရေး  စသည်   ပြုမူ ဆောင်ရွက်မှုများမရှိကြစေရေးအတွက်  တာဝန်ရှိသူ များအနေဖြင့်  နိုင်ငံတော်၏အကျိုးစီးပွားကိုရှေးရှု ၍    လုပ်ငန်းစဉ်များ  တိတိကျကျလျင်လျင်မြန်မြန် ပြီးစီးအောင်  စေတနာရှေ့ထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။ 

 


ဖမ်းဆီးရမိပစ္စည်းများနှင့်ပတ်သက်၍ ဖမ်းဆီးပြီး သည့်ကာလမှ   လေလံတင်ရောင်းချပြီးသည့်ကာလ အထိ ဌာနဆိုင်ရာများ၏  လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှုများ မဖြစ် ပေါ်စေရေး၊   မှန်ကန်မြန်ဆန်စေရေး၊   ဖမ်းဆီးရမိ ဆုကြေးငွေများကို   အမြန်ဆုံးခွဲဝေထုတ်ပေးနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများမှ   မှန်ကန်မြန်ဆန်စွာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ 

 


နည်းမျိုးစုံဖြင့်ရှာဖွေဖော်ထုတ်


အထူးအားဖြင့်   လိုင်စင်မဲ့မော်တော်ယာဉ်များ အသုံးပြု၍  မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ အပါအဝင်   ပေါက်ကွဲစေတတ်သော    တရားမဝင် အကောက်အခွန်မဲ့ပစ္စည်းများကို    နည်းမျိုးစုံ သယ်ဆောင်ခြင်းများမရှိစေရေးအတွက် စစ်ဆေးရေး စခန်းများတွင်ရှိကြသည့်    တာဝန်ကျဝန်ထမ်းများ အနေဖြင့်  နည်းမျိုးစုံဖြင့်   ရှာဖွေဖော်ထုတ်ဖမ်းဆီး ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ရှာဖွေဖမ်းဆီးကြရာတွင် တစ်ဦးချင်းလုံခြုံရေး  အသိစိတ်ထားရှိမှုသည်လည်း အထူးအရေးကြီးကြောင်း။ 

 


အချိန်တိုအတွင်း တိုက်ရိုက်ဝင်ရောက်


မိမိတို့အနေဖြင့်  တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်အောင်     မည်သည့်အစီအမံ များ    ချမှတ်လုပ်ကိုင်သည်ဖြစ်စေ၊     မည်သို့သော လမ်းကြောင်းမှန်ပေါ်     တည့်မတ်စေသည်ဖြစ်စေ မြေပြင်တွင်    လက်တွေ့တာဝန်ထမ်းဆောင်နေကြ သည့် ဝန် ထမ်းများကို အဂတိတရားလွှမ်းမိုးထားပါက ရည်မှန်းချက်များအောင်မြင်ရန်    ခဲယဉ်းနေဦးမည် ဖြစ်ကြောင်း၊     ငွေကြေးတံစိုးလက်ဆောင်ကြောင့် ပေးအပ်သည့်တာဝန်ကို  ကျေပွန်မှုမရှိသည့်  ဝန်ထမ်း များရှိနေလျှင်   အခွန်မဆောင်သည့်၊   အရည်အသွေး အာမခံချက်မရှိသည့်  ကုန်စည်များသည်  ပြည်တွင်း သို့  အချိန်တိုအတွင်း  တိုက်ရိုက်ဝင်ရောက်လာမည် ဖြစ်ကြောင်း။ 

 


ထို့ကြောင့် သက်ဆိုင်ရာ  အထူးအဖွဲ့များ၊  ဌာန များအနေဖြင့်  မိမိတို့၏ အဖွဲ့ဝင်များ၊   ဝန်ထမ်းများကို တရားမဝင်ကုန်သွယ်မှုများတွင်   ပါဝင်ပတ်သက်မှု မရှိစေရေး၊        အဂတိတရားကင်းရှင်းရေးကို အလေးအနက်  သတိပေးခြင်း၊  ရှောင်တခင်စစ်ဆေး ခြင်း၊ ပါဝင်ပတ်သက်သည့် ဝန်ထမ်းများကို ထိရောက် စွာအရေးယူခြင်းများ  စဉ်ဆက်မပြတ်  ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။   

 


တရားမဝင်ကုန်သွယ်မှုကို    တိုက်ဖျက်ရာတွင် မှန်ကန်သည့်သတင်းရရှိမှု၊      သတင်းလုံခြုံမှုနှင့် သတင်းပေးလူပုဂ္ဂိုလ်အတွက်     လုံခြုံရေးသည် အရေးကြီးကြောင်း၊   ရရှိသည့် သတင်းအချက်အလက် များကို  တည်ဆောက်ပြီး  လုံခြုံရေးအတွက်စုဖွဲ့ကာ တစ်ညီတစ်ညွတ်တည်း  စုပေါင်းဆောင်ရွက်မှသာ ရည်မှန်းချက်ကို  အကောင်အထည်ဖော်နိုင်မည်ဖြစ် ကြောင်း၊ စစ်ဆေးရမည့်ဌာနက  စစ်ဆေးနေသကဲ့သို့၊ လုံခြုံရေးအဖွဲ့အစည်းကလည်း  လုံခြုံရေးဆောင်ရွက် ပေးနေရန်လိုကြောင်း၊ နယ်စပ်ဒေသများတွင် လုံခြုံရေး သည်    အထူးအရေးကြီးကြောင်း၊     ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို  တားဆီးထိန်းချုပ်ရေး စီမံဆောင်ရွက်ရာတွင်  မည်ကဲ့သို့တားဆီးထိန်းချုပ် မည်ကို   နည်းလမ်းများ   စီမံချမှတ်ဆောင်ရွက်ခြင်း အပြင်     တာဝန်ကျဝန်ထမ်းများ၏   လုံခြုံရေးကို အလေးထားစီမံဆောင်ရွက်ကြရန်      သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များကို မှာကြားလိုကြောင်း။ 

 


တရားမဝင်ကုန်သွယ်မှုများကို    ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံအသုံးပြုပြီး    တားဆီးအရေးယူ ကြရန်နှင့်    တရားမဝင်ကုန်သွယ်မှုပြုလုပ်သူများ လုပ်ကိုင်ရခက်ခဲလာချိန်တွင်         မိမိတို့အနေဖြင့် လမ်းကြောင်းမှန်ပေါ်  ရောက်အောင်တည့်မတ်ပေးရန် စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ 

 


အခွန်အသိပညာပေး


ကုန်သွယ်မှုလုပ်ငန်းများတွင်  ပေးဆောင်ရမည့် အခွန်အမျိုးအစားများကို  ကုန်သည်လုပ်ငန်းရှင်များ ရှင်းလင်းလွယ်ကူစွာသိရှိနိုင်ရေး     ဆောင်ရွက်ရန် လိုအပ်သကဲ့သို့  အခွန်ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များကို ပိုမိုရှင်းလင်းအောင်ပြုပြင်ခြင်းနှင့်   လုပ်ငန်း ရှင်များကို          အကောက်ခွန်လုပ်ထုံးလုပ်နည်းများ အပါအဝင်     အခွန်အသိပညာပေးလုပ်ငန်းများကို လည်း ပုံမှန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ 

 


ပူးပေါင်းဆောင်ရွက်ကြရမည်


နိုင်ငံတော်         ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း နိုင်ငံတော်အတွက် အခွန်အကောက်များ အမှန်တကယ် ရရှိရေးသည်   အဓိကအခန်းကဏ္ဍမှ   ပါဝင်နေသည့် အတွက်   တရားမဝင်ကုန်သွယ်မှုများကြောင့် ထိခိုက် ဆုံးရှုံးမှုများကို   အများပြည်သူသိရှိနိုင်ရေးအတွက် မီဒီယာကဏ္ဍဖြင့်    ကျယ်ကျယ်ပြန့်ပြန့်   အသိပေး ဆောင်ရွက်ကြရန်၊   အခွန်အခများ   အပြည့်အဝရရှိ ရေးကို    အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ ပြီး   နိုင်ငံတော်မှ  ရသင့်ရထိုက်သည့်အခွန်အခများ အပြည့်အဝရရှိရေးအတွက်   တာဝန်ထမ်းဆောင်နေ ကြသည့် ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် တာဝန် သိစိတ်ဖြင့် စေတနာထားဆောင်ရွက်ကြရန်၊   တရား မဝင်ကုန်သွယ်မှု     တားဆီးရေးဆောင်ရွက်ရာတွင် တာဝန်ကျဝန်ထမ်းများ၏ လုံခြုံရေးနှင့် အများပြည်သူ လုံခြုံရေးအတွက်   လုံခြုံရေးအသိ၊   လုံခြုံရေးသတိဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြား သည်။ 

 


ထို့နောက်   ဦးဆောင်ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်က တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး    ဦးဆောင်ကော်မတီအစည်းအဝေး ( ၃/၂၀၂၂ )   အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊    ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများ၊   သတင်းအချက်အလက် များရရှိရေးဆောင်ရွက်မှုနှင့်  တရားမဝင်ကုန်ပစ္စည်း များ ဖမ်းဆီးရမိမှုတို့ကို ရှင်းလင်းတင်ပြသည်။ 

 


ယင်းနောက်    ဦးဆောင်ကော်မတီရုံးလုပ်ငန်း အဖွဲ့ခေါင်းဆောင်      ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊   ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး    ဗိုလ်မှူးကြီး    လှမျိုးရွှေ၊ အကောက်အခွန်ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမြင့်သူရ၊  အစားသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော် တို့က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၂)သို့ တင်ပြသည့်  အမှာစာများကို ဖတ်ကြားတင်ပြကြ သည်။

 


ထို့နောက်   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ  ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် ဦးဝင်းရှိန်၊ ဦးဆောင်ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် အစည်း အဝေးသို့  တက်ရောက်လာကြသူများက တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက်    ရှင်းလင်းတင်ပြ ကြသည်။

 


မှတ်တမ်းတင်အတည်ပြု


ယင်းနောက်  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး   ဦးဆောင်ကော်မတီအစည်းအဝေး (၄/၂၀၂၂) ဆုံးဖြတ်ချက်များကို   မှတ်တမ်းတင်  အတည်ပြုကြ သည်။

 


ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ်    ပေါင်းစပ်ညှိနှိုင်း ပေးပြီး   နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


 သတင်းစဉ်