ကျုံပျော်တွင် ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့သတ်မှတ်ခြင်း အသိပညာပေး

 

ကျုံပျော်   စက်တင်ဘာ   ၆


ကျုံပျော်မြို့နယ် စည်ပင်သာယာရေးကော်မတီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့်   ပြည်သူများ တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း   ပလတ် စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့သတ်မှတ်ခြင်းအား  အသိပညာပေး ဆောင်ရွက်ခြင်းကို   မြို့မဈေးအတွင်း၌   စက်တင်ဘာ ၄ ရက်က တတိယအကြိမ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး သိန်းစိုးဝင်း ၊ စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးခင်မောင်သန်းနှင့်ဝန်ထမ်းများ၊တာဝန်ရှိသူများ နှင့်အတူ အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်သည်။

 


ထို့အပြင် မြို့နယ်အတွင်းရှိ ဈေးများဖြစ်သော  မြို့မဈေး၊ အထောင် ဈေးနှင့် ပျံကျဈေးများ အားလုံးတွင်လည်း  သိရှိလိုက်နာ ဆောင်ရွက်နိုင် ရေးအတွက် အသိပေးဆိုင်းဘုတ်များ  စိုက်ထူခြင်း၊  လက်ကိုင် အသံ ချဲ့စက်များဖြင့်   နှိုးဆော်၍  အများပြည်သူများ   ပါဝင်ဆောင်ရွက်နိုင်ရေး အသိပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လပြည့်ဦး(ပြန်/ဆက်)