
ကျုံပျော် အောက်တိုဘာ ၇
ပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက် နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်း ကြီး (၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင် ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် တောက်တဲ့ရိုး ကျေးရွာအုပ်စု ခရစ်ယာန် ဘုရားကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ရှေးဦးစွာ အဆိုပါကျေးရွာရှိ ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင် ပြေစေရန်အတွက် အိမ်ထောင်စု ၁၂၀ ထံသို့ ဆန် ၁၀ အိတ်၊ ကြက်သွန်နီ ပိဿာ ၃၀ နှင့် ကြက်ဥ အလုံး ၄၈၀ တို့ကို ဈေနှုန်း ချိုသာစွာ ရောင်းချပေးပြီး ဟင်းသီးဟင်းရွက် သုံးမျိုးအား အခမဲ့ဖြန့်ဝေပေးသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟိန်းမောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းစိုးဝင်း နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်းတို့က ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံရေးအခြေ အနေမှန်များ၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မြေပြင်လူဦးရေ စာရင်းကိစ္စ၊ SME အသေးစား၊ အလတ်စားနှင့် စိုက်ဘဏ်ချေးငွေကိစ္စများ၊ ယာဉ်/လမ်း စည်းကမ်းဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် နေမှုတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကာ ပြည်သူ များ၏ မေးမြန်းချက်ကို သက်ဆိုင်ရာ ဌာန များက ပြန်လည်ရှင်းလင်းဖြေကြားကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)