ကျုံမငေး - အောက်ပေကုန်းတံတား ချဉ်းကပ်လမ်း ရေတိုက်စားမှုကြောင့် မြေပြိုကျ

 

ဝါးခယ်မ  ဇူလိုင်  ၂၁
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၌ ကျုံမငေး-အောက်ပေကုန်း တံတား ချဉ်းကပ်လမ်း ရေတိုက်စားမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပွား ရာ ဇူလိုင် ၂၀ ရက်က တာဝန်ရှိသူများ  ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကျုံမငေး-အောက်ပေကုန်းတံတား   ချဉ်းကပ်လမ်း ရေတိုက်စားမှုကြောင့်  မြေပြိုကျမှုများ ဖြစ်ပွားသည့်နေရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏    ညွှန်ကြားမှုဖြင့်  ကျုံမငေးမြို့ အုပ်ချုပ် ရေးမှူး ဦးဇော်မိုးနောင်နှင့် ကျေးလက်လမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့်အဖွဲ့တို့က  စစ်ဆေးရာ  အလျားပေ ၁၀၀၊  အနံ ၁၀ ပေခန့်ရှိ  ဘေးမြေသားပြိုကျခဲ့ကြောင်း သိရသည်။        
 ဟိန်းထက်လင်း(ပြန်/ဆက်)