ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရှိ ဝန်ထမ်းသားသမီးများ၏ နွေရာသီကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်

 

နေပြည်တော်   မေ   ၂


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန      နေပြည်တော်ရှိ ဝန်ထမ်းများ၏     သားသမီးများ နွေရာသီ    ကွန်ပျူတာအခြေခံ သင်တန်းဖွင့်ပွဲကို      ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရုံး၌  ယနေ့နံနက် ၈ နာရီခွဲက ကျင်းပရာ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း ဦး     တက်ရောက်အမှာစကား ပြောကြားသည်။

 


ညွှန်ကြားရေးမှူးချုပ်က အမှာ စကားပြောကြားရာတွင်  ဝန်ထမ်း သားသမီးများ၏      နွေရာသီ ကျောင်းပိတ်ရက်    အားလပ်ချိန် များကို     ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရန်၊  ICT   ခေတ်တွင် မဖြစ်မနေ    တတ်မြောက်ရမည့် ကွန်ပျူတာဘာသာရပ်ကို ငယ်စဉ် ကပင်        ရင်းနှီးကျွမ်းကျင် တတ်မြောက်စေရန်နှင့် ဝန်ထမ်း သားသမီးများ၏  အနာဂတ်ပညာ သင်ယူမှုတွင် အထောက်အကူဖြစ် စေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်သင်ကြား   လေ့ကျင့်ပေး ခြင်းဖြစ်ကြောင်း၊ သားသမီးများ အနေဖြင့် တတ်မြောက်ကျွမ်းကျင် အောင် ကြိုးစားသင်ယူလေ့ကျင့်ကြစေလိုပါကြောင်း၊   “ယနေ့ လူငယ် နောင်ဝယ်လူကြီး” ဆိုထုံး နှင့်အညီ အနာဂတ်ကို ပခုံးပြောင်း တာဝန်ယူကြမည့်    လူငယ်များ အနေဖြင့်   အသိပညာ၊   အတတ် ပညာ ပြည့်ဝထူးချွန်ထက်မြက်ရန် လိုအပ်ပါကြောင်း၊      နိုင်ငံနှင့် ပြည်သူက အားကိုးအားထားပြုရ သည့် လူရည်ချွန် လူရည်မွန်များ ဖြစ်စေလိုပါကြောင်း     မှာကြား သည်။

 


အဆိုပါ နွေရာသီကွန်ပျူတာအခြေခံသင်တန်းသို့    ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရှိ  ဝန်ထမ်းများ၏ သားသမီး ၄၂ ဦး တက်ရောက်ကြ ပြီး  သင်တန်းကို  နေပြည်တော် ရုံး   ကွန်ပျူတာသင်တန်းခန်းမ ၌     သင်ကြားလေ့ကျင့်ပေးမည် ဖြစ်သည်။   သင်တန်း၌    Typing Tutor, Microsoft Paint, Micro-soft Word, Microsoft Excel & Microsoft Power Point ဘာသာ ရပ်များကို နံနက် ၉ နာရီမှ  ၁၂ နာရီအထိ  တစ်ကြိမ်၊  မွန်းလွဲ  ၁၂  နာရီခွဲမှ   ညနေ   ၄  နာရီခွဲအထိ တစ်ကြိမ်၊   အချိန်   နှစ်ချိန်ခွဲ၍ သင်တန်းကာလ  ရက်သတ္တပတ် သုံးပတ်  သင်ကြားလေ့ကျင့်ပေး သွားမည်ဖြစ်ကြောင်း    သတင်း ရရှိသည်။           
       

သတင်းစဉ်