ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

 

(၆-၁၀-၂၀၂၃)


ကုန်ဈေးနှုန်း     တည်ငြိမ်ရေးနှင့် ပတ်သက်သည့်   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ၂၀၂၃  ခုနှစ်၊ အောက်တိုဘာလ    ၆     ရက် (သောကြာနေ့) နံနက် ၉ နာရီခွဲ တွင် ရုံးအမှတ် (၃)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ  ပြည်ထောင်စု ကုန်ဈေးနှုန်း               တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး   ဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီးနှင့်   ဒုတိယ ဝန်ကြီး၊ စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေး          ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်      ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်၊    မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင် များအသင်း၊  မြန်မာနိုင်ငံ ဆီစက် ပိုင်ရှင်များအသင်း၊ မန္တလေးတိုင်း ဒေသကြီး       ကုန်သည်များနှင့် စက်မှုလက်မှု     လုပ်ငန်းရှင်များ အသင်းတို့မှ      ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စု ကုန်ဈေးနှုန်း      တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီး ချုပ်နှင့်      ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာနက         အဖွင့်အမှာစကား ပြောကြားရာတွင်   ပြည်ထောင်စု ကုန်ဈေးနှုန်း      တည်ငြိမ်ရေး ကော်မတီကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် လ ၁၈ ရက် ရက်စွဲဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အမိန့် ကြော်ငြာစာအမှတ် (၁၅၅/၂၀၂၃) ဖြင့်ဖွဲ့စည်းခဲ့ကြောင်း၊  စီးပွားရေး နှင့်     ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည်   အဓိကတာဝန် ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ဈေးနှုန်း     တည်ငြိမ်ရေး အတွက် အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်ရမည်        ဖြစ်သည့် အတွက်    ပြည်ထောင်စုအဆင့် ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊   ပထမ အကြိမ် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို  ၂၀၂၃   ခုနှစ်၊ ဩဂုတ်လ   ၂၃   ရက်နေ့တွင် ကျင်းပခဲ့ကြောင်း၊ အဆိုပါ အစည်း အဝေးတွင်     “ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို ဆောင်ရွက်ရာ တွင် UMFCCI အသင်းချုပ်အပြင် လိုအပ်သည့်   ညီနောင်အသင်း အဖွဲ့များနှင့်လည်း   ပေါင်းစပ် ဆောင်ရွက်ရန်နှင့်   လိုအပ်ပါက အစည်းအဝေးများသို့  ဖိတ်ကြား ဆောင်ရွက်ရန်”     ဆုံးဖြတ်ခဲ့ ကြောင်း၊  မိမိတို့  ပြည်ထောင်စု ကုန်ဈေးနှုန်း        တည်ငြိမ်ရေး ကော်မတီအနေဖြင့်  လုပ်ငန်းစဉ် တွင် အဓိကကျသည့် ဝန်ကြီးဌာန များမှ  ပြည်ထောင်စုဝန်ကြီးများ နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ နှင့်   အောက်တိုဘာလများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးများတွင်   အဓိက စားသောက်ကုန်ဖြစ်သည့်   ဆန်၊ စားသုံးဆီတို့နှင့်      စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိအနေ အထားတွင်   မိမိတို့   ကော်မတီ အနေဖြင့် အခြေခံစားကုန်ပစ္စည်း များဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံး ကုန်ပစ္စည်းဈေးနှုန်း များ  တည်ငြိမ်ရေးကို  ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဆန် နှင့် ဆီသည် အဓိကစားသောက် ကုန်ပစ္စည်းဖြစ်ရာ    ဆန်ဈေးနှုန်း နှင့်   ဆီဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေး   ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက်  ယနေ့အစည်း အဝေးတွင် ဆန်၊ ဆီနှင့်သက်ဆိုင် သည့် ညီနောင်အသင်းအဖွဲ့များကို ဖိတ်ကြား       ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ အခြားအသင်းအဖွဲ့များ ကိုလည်း နောင်တွင် လိုအပ်သလို သီးခြားဆွေးနွေး၍       ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်း     တည်ငြိမ်ရေးနှင့် ဆက်စပ်နေသည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ   မှန်ကန် မြန်ဆန်စေရေး    ဗဟိုကော်မတီ၊ နိုင်ငံခြားသုံးငွေ     ကြီးကြပ်မှု ကော်မတီကဲ့သို့ အခြားကော်မတီ များနှင့်     ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း၊  လုပ်ငန်းရှင်များအနေ ဖြင့် စီးပွားရေးအရ အကျိုးအမြတ် ရရှိရန်   လိုအပ်သကဲ့သို့  စားသုံးသူ ပြည်သူလူထု         အတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်သည့် သင့်တင့် မျှတသော   ဈေးနှုန်းများဖြစ်ရန် လိုအပ်ကြောင်း၊ ချမှတ်ထားသည့် မူဝါဒများကိုလည်း                လိုက်နာ ဆောင်ရွက်ရန်   လိုအပ်ကြောင်း၊ ကုန်ဈေးနှုန်း       တည်ငြိမ်ရေး အထောက်အကူ         ဖြစ်စေရန် အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုး
အတွက် ရှေးရှုပြီး ပွင့်ပွင့်လင်းလင်း တင်ပြ  ဆွေးနွေးစေလိုကြောင်း ပြောကြားပါသည်။


ထို့နောက်        မြန်မာနိုင်ငံ ကုန်သည်များနှင့်   စက်မှုလက်မှု လုပ်ငန်းရှင်များ   အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့အသီးသီးက ဆန်နှင့်   စားသုံးဆီဈေးနှုန်းများ တည်ငြိမ်ရေးနှင့်     စပ်လျဉ်း၍ ၎င်းတို့          အသင်းအဖွဲ့များ၏ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို အကြံပြုတင်ပြ ဆွေးနွေးခဲ့ကြပါသည်။


ဆက်လက်၍   အသင်းအဖွဲ့ များ၏      တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊         ပြည် ထောင်စုအစိုးရအဖွဲ့ရုံး      ဝန်ကြီး ဌာန(၁)နှင့် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊         ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊         မွေးမြူရေးနှင့် ဆည်မြောင်း     ဝန်ကြီးဌာနတို့က ရှင်းလင်း       ဆွေးနွေးခဲ့ကြပြီး အခြေခံ စားကုန်ဈေးနှုန်းတည်ငြိမ် ရေး၊ ထိန်းကျောင်းဆောင်ရွက်နိုင် ရေးတို့နှင့်ပတ်သက်၍  ဆွေးနွေး ပြောကြားခဲ့ကြပါသည်။


ထို့နောက်    ပြည်ထောင်စု ကုန်ဈေးနှုန်း         တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ်နှင့်       ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန က   နိဂုံးချုပ်စကားပြောကြားရာ တွင်  ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးသည်      အရေးကြီး ကြောင်း၊  ကုန်ဈေးနှုန်းတည်ငြိမ် ရေးနှင့်ပတ်သက်၍ ပြည်သူလူထု ၏ ယုံကြည်မှုမြှင့်တင်ရန်၊ ကောလာ ဟလများ၊          သတင်းမှားများ ကြောင့်    ကုန်ဈေးနှုန်းမြင့်တက် ခြင်း မဖြစ်စေရေးအတွက် ဖြန့်ဖြူး ရောင်းချသူနှင့် ဝယ်ယူစားသုံးသူ နှစ်ဖက်လုံးက  ထိန်းသိမ်းဆောင် ရွက်ရန်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့်  ထိန်းကျောင်း ကြီးကြပ်နိုင်ရေးအတွက်   တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရများက ဆောင်ရွက်ရန်ကိစ္စများနှင့်     ပတ် သက်ပြီး        ဆက်လက်ဆွေးနွေး     ညှိနှိုင်း  ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ စားသုံးဆီ၊ စက်သုံးဆီ တင်သွင်း၊ သိုလှောင်ခြင်း၊ ပြည်တွင်း သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း နှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်း ဖြင့်    ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စများနှင့်  စပ်လျဉ်းပြီး  အစိုးရ နှင့် ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်သူ များအားလုံး ပူးပေါင်းဆောင်ရွက် သွားရန်ဖြစ်ကြောင်း       ဆွေးနွေး ပြောကြားခဲ့ပါသည်။