
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ၈၂/၂၀၂၃
၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်)
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း
၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃ ဖြင့် ပြဋ္ဌာန်းခဲ့သော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်(၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်) နေ့တွင် စတင်အာဏာတည်ကြောင်း ယင်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ သတ်မှတ်လိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ