နေပြည်တော် ဇန်နဝါရီ ၁၂
အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက် အဆို တစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုနှင့် ပတ်သက် ၍ ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်ဖော် ပွဲကို ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့ မြိတ်တောင်ကျေးရွာ အရှေ့ သိမ်ဘောလုံးကွင်း၌ ဒေသခံ ပြည်သူများစုပေါင်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်များအား ဆန့်ကျင် ကြ၊ မြန်မာ့အရေးကို မြန်မာနိုင်ငံ ကသာ ဖြေရှင်းရေး ဒို့အရေး၊ အကြမ်းဖက်အားပေး ပြည်ပနိုင်ငံ များအလိုမရှိ၊ အကြမ်းဖက် NUG ၊ CRPH ၊ PDF အလိုမရှိ၊ အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်နေမှုအား ချက်ချင်းရပ်၊ ရဟန်းသံဃာနှင့် နိုင်ငံ့ဝန်ထမ်း များကို အကြမ်းဖက်သတ်ဖြတ် နေမှုများအား ချက်ချင်းရပ် စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



