
ကုလသမဂ္ဂ စက်တင်ဘာ ၂၃
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများက အာဖဂန် နစ္စတန်အရေးနှင့်ပတ်သက်ပြီး ယနေ့ ဆွေးနွေး ကြောင်းသိရသည်။
အဆိုပါနိုင်ငံခြားရေးဝန်ကြီးများက အာဖဂန် အမျိုးသမီးများ၏အခွင့်အရေးများ အပြည့်အဝရရှိရေး တာလီဘန်အဖွဲ့အား တိုက်တွန်းပြောကြားရန် သဘောတူညီကြသည်။ သို့သော် ငွေကြေးထောက်ပံ့ ပေးမှုနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းမရှိပေ။
နယူးယောက်မြို့၌ ယမန်နေ့တွင် ကျင်းပသော အဆိုပါအစည်းအဝေးကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီဘလင်ကန်၊ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး လစ်ထရုစ်၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းယုလီ ဒရိန်းနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗို့တို့ တက်ရောက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက အွန်လိုင်းမှဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတဲရက်စ်လည်း တက်ရောက်ဆွေးနွေးခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံသည် အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုသည့် နိုင်ငံတစ်နိုင်ငံမဖြစ်လာ စေရန် တာလီဘန်အဖွဲ့အားတိုက်တွန်းပြောကြား မည်ဖြစ်ကြောင်း ၎င်းတို့က သဘောတူညီခဲ့ကြသည်။
အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်အဖွဲ့ အာဏာသိမ်းပိုက်သည့်အချိန်မှစပြီး အာဖဂန်အစိုးရ အဖွဲ့၏ နိုင်ငံခြားပိုင်ဆိုင်မှုများ ပိတ်ပင်သွားခဲ့သည်။ အဆိုပါပိုင်ဆိုင်မှုများအား ပြန်လည်သုံးစွဲခွင့်ရရှိရေး အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အနောက် အင်အားကြီးနိုင်ငံများက သတိကြီးစွာဆောင်ရွက် လျက်ရှိစဉ် တရုတ်နှင့် ရုရှားနှစ်နိုင်ငံက အာဖဂန် နစ္စတန်နိုင်ငံအတွင်းရှိ ပြည်သူများအား လူသားချင်း စာနာထောက်ထားသည့် အထောက်အပံ့များပေး နိုင်ရေးအတွက် အဆိုပါနိုင်ငံခြားပိုင်ဆိုင်မှုများကို ထုတ်ယူသုံးစွဲခွင့်ပြုသင့်ကြောင်း ဆွေးနွေးခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
n