ကသာမြို့၌ အောက်ဆီဂျင်ထုတ်စက်ရုံ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ကသာ   ဒီဇင်ဘာ  ၁၈


စစ်ကိုင်းတိုင်းဒေသကြီး   ကသာ မြို့၌        အောက်ဆီဂျင်ထုတ် စက်ရုံ       လွှဲပြောင်းပေးအပ်ပွဲကို ဒီဇင်ဘာ ၁၆ ရက်က  ကသာမြို့    ဆေးရုံဝင်းအတွင်းရှိ      အဆိုပါ စက်ရုံနေရာ၌  ကျင်းပသည်။

 


အောက်ဆီဂျင်      ထုတ်စက်        ဖြစ်မြောက်ရေးအတွက်    ကသာ မြို့နယ်မှ အလှူရှင်များ၊ စေတနာ ရှင်များက      စုပေါင်းလှူဒါန်းထားသော   အောက်ဆီဂျင်ထုတ် စက်နှင့်     ဆက်စပ်ပစ္စည်းများ အတွက်         ရငွေသုံးငွေစာရင်း  ရှင်းတမ်းများကို ဖြစ်မြောက်ရေး အဖွဲ့နှင့် အလှူရှင်များမှ ရာသက် ပန်   ဆက်လက်လုပ်ဆောင်သွားမည့်“ဧရာကမ်းသာ” အောက်ဆီ ဂျင် အလှူတော်လူမှုရေးအသင်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း      သိရ သည်။

 


ဖြစ်မြောက်ရေးအဖွဲ့မှလည်း စက်ရုံဆောက်လုပ်ခြင်း၊ အောက် ဆီဂျင်ထုတ်စက်ကြီးမှ အောက်ဆီ ဂျင်အိုများ  အမြန်ရရှိရေးအတွက်    ဆောင်ရွက်ကြခြင်း၊ လူနာဆောင် သို့ သွားရာလမ်းများကို ကွန်ကရစ် ခင်းပေးခြင်း၊  အောက်ဆီဂျင်အိုး များ  သယ်ယူရာတွင်    လွယ်ကူစေ ရန်အတွက်    လက်တွန်းထော်လီ များ       ဆောင်ရွက်ပေးခြင်းများ     ပြုလုပ်ထားသည်။

 


ယခုအခါ အဆိုပါစက်ရုံကြီး မှ လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်အိုများ    နေ့စဉ် ထုတ်လုပ်ပေးနိုင်သဖြင့် အလှူရှင်၊ စေတနာရှင်များ    ဝမ်းမြောက်၊ ဝမ်းသာရှိနေ​ကြောင်း       အောက် ဆီဂျင်ထုတ်စက် ဖြစ်မြောက်အဖွဲ့ ဥက္ကဋ္ဌ   ဦးဇော်မင်းဦးထံမှ  သိရ သည်။           

လူအောင်(ကသာ)