
ကသာ မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ ဇေယျာချောင်ရပ်ကွက် ကသာ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ဧပြီ ၃၀ ရက် ညနေ ၅ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကသာခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးစိုးထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဖြိုးသူတို့ ဦးစီးသည့် မီးငြှိမ်းသတ် ရေယာဉ် ငါးစီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက စုပေါင်း မီးငြှိမ်းသတ်ခဲ့ပြီး ညနေ ၆ နာရီတွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း၊ မီးလောင်မှု ကြောင့် ခရိုင်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ (အလျား ၁၄၄ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိ သွပ်မိုး၊ အုတ်ကာ/နံကပ် တမံတလင်းခင်း တစ်ထပ်)ရုံးခန်းအဆောက်အအုံတစ်လုံး (ကာလတန်ဖိုး ကျပ် ၁၀၈ သိန်း) ပျက်စီးဆုံးရှုံးခဲ့ပြီး လူနာများ ထိခိုက်မှုမရှိကြောင်း၊ မီးစတင် လောင်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။ လူအောင်(ကသာ)