
ဘားအံ ဇန်နဝါရီ ၂
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သည့် ကရင်သက္ကရာဇ် ၂၇၆၁ ခုနှစ် ကရင်အမျိုးသား အလံတင်အခမ်းအနားကို ဇန်န ဝါရီ ၂ ရက် နံနက် ၆ နာရီခန့်က ဘားအံမြို့ သီရိအားကစားကွင်း၌ ကျင်းပသည်။
ထို့နောက် ကရင်အမျိုးသား သီချင်းကို စုပေါင်းသီဆို၍ ကရင် ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ကရင် အမျိုးသားအလံကို တိုင်ထိပ်သို့ လွှင့်ထူပေးပြီး အလေးပြုကြ သည်။ ဆက်လက်၍ အခမ်းအနား မှူးက ကရင်အမျိုးသားအလံတော် သမိုင်းကို ဖတ်ကြားသည်။
ယင်းနောက် နံနက် ၇ နာရီ ခန့်တွင် ကရင်သက္ကရာဇ် ၂၇၆၁ ခုနှစ် ကရင်နှစ်သစ်ကူးနေ့အခမ်း အနားကို ကရင်ရိုးရာကျွဲချိုမှုတ်၍ ဖားစည်တီးကာ ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံနှင့် ကျဆုံးလေ ပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင် ကြီးများအား အလေးပြုကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာ ကို သဘာပတိ ဦးစောခင်မောင် မြင့်က ဖတ်ကြားသည်။
ဆက်လက်၍ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်ထံမှ ပေးပို့သော ကရင် နှစ်သစ်ကူးနေ့ သဝဏ်လွှာကို ကရင်ပြည်နယ် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစန်းကို က ဖတ်ကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့် ဦးက ကရင်ပြည်နယ်အနေဖြင့် ရရှိပြီးဖြစ်သည့် ငြိမ်းချမ်းရေးခရီး လမ်း ကို ဆက်လက်လျှောက်လှမ်း ရန် လိုအပ်သလို ပြည်ထောင်စုကြီး ပြုပြင်ပြောင်းလဲတည်ဆောက်ရာ တွင် ကဏ္ဍပေါင်းစုံအောင်မြင်စေရေးအတွက် ပူးပေါင်းပါဝင်ဆောင် ရွက်ပေးမှုကလည်း အလွန် အရေးပါကြောင်း၊ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းဟာ မိမိလူမျိုး၏ ဂုဏ်သိက္ခာကို ထင်ဟပ်စေမည့် စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ကို မြှင့်တင်ထိန်းသိမ်းတတ်မှသာ မိမိလူမျိုး၏ အဆင့်အတန်း ပိုမိုမြင့်မားလာမည် ဖြစ်ကြောင်း၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူတကွ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းစကား ပြော ကြားသည်။
ထို့နောက် ကရင်တိုင်းရင်း သား လူငယ်မောင်မယ်များက ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ် လာပုံအကျဉ်းကို ဗမာ၊ အရှေ့ ပိုးကရင်၊ စကောဘာသာတို့ဖြင့် ဖတ်ကြားကြပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုခံ အထင်ကရ သက်ကြီး ကရင် အဘိုး အဘွားများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ် သည်။
ယင်းနောက် ကရင်နှစ်သစ် ကူးနေ့အခမ်းအနားကို တက် ရောက်လာကြသူများက စည်လုံး ခြင်းသည်အင်အားဟု အဓိပ္ပာယ် ရသော အောဟုအောဟောင်ကရင် တေးသီချင်းကို စုပေါင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြ သည်။
အခမ်းအနားအပြီးတွင် ကရင် ရိုးရာ ဖီဗူးယော်ကောက်သစ် စားပွဲကို ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ကရင်အမျိုးသား အစည်းအရုံး(KNU)ဒူးပလာယာ ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊ ကရင်ကျန်းမာရေးနှင့် ကယ်ဆယ် ရေးဌာန တာဝန်ခံ ဒေါက်တာ မာတာ၊ ကရင်အမျိုးသားအစည်း အရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ ဂုဏ်ပြုခံ အထင်ကရသက်ကြီး ကရင် အဘိုးအဘွားများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငြိမ်း ချမ်းရေးချိုးငှက်များ ဘေးမဲ့လွှတ် ၍ ဖီဗူးယော်ဆုတောင်းတေး သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။
ထို့နောက် ကရင်အဘိုးအဘွား များနှင့် ကရင်တိုင်းရင်းသား လူငယ်မောင်မယ်များက ဖီဗူး ယော်(ခေါ်)စပါးစောင့် နတ်သမီး အား ရွတ်ဖတ်ပူဇော်၍ ဖိတ်ခေါ် ပင့်ဆောင်ပြီး တိုင်းရင်းသား ပြည်သူများက ကောက်သစ် စားပွဲကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြ သည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တက်ရောက်လာ သူများသည် ကရင်စာပေနှင့် ယဉ်ကျေးမှုပြခန်း၊ ဌာနဆိုင်ရာ ပြခန်းများအား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း
(ပြန်/ဆက်)