ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသည် ဓလေ့ထုံးတမ်းအစဉ်အလာအရ ထိန်းသိမ်းလာခဲ့ကြသည့်ပွဲဖြစ်

 

ရန်ကုန်   ဩဂုတ်   ၂၀ 


ရန်ကုန်တိုင်းဒေသကြီး      ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို  ယနေ့  နံနက် ၉  နာရီတွင်  ရန်ကုန်တိုင်းဒေသကြီး   ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ခန်းမ၌  ကျင်းပ ရာတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး       ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီးချုပ်  ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်း ဆွေ၊     ရန်ကုန်တိုင်းဒေသကြီး   တရားသူကြီးချုပ်၊  တိုင်းဒေသကြီး ဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့်  တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက် ကြသည်။

 


ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့က  မင်္ဂလာဖားစည် ကိုးချက်တီးပြီး ကရင်တိုင်းရင်းသား များက ကျွဲချိုတစ်ပြိုင်တည်းမှုတ်ကာ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက်   ကရင်ဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်က ယနေ့ကျင်းပသည့် ကရင်ရိုးရာဝါခေါင် လ    ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသည်    ကရင် တိုင်းရင်းသားများ အလေးအနက်ထားသည့် ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာအရ ထိန်းသိမ်းလာခဲ့ကြ သည့် ပွဲဖြစ်ကြောင်း၊ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား သည် ကွဲကွာနေကြသည့် ဆွေမျိုးများ၊ မိသားစုများ ပြည်လည်ဆုံတွေ့ကြရန်၊  အချင်းချင်း    ချစ်ကြည် ရင်းနှီးမှုများနှင့် တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက် ကြရန်၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊  အနုပညာနှင့် ဝတ်စားဆင်ယင်မှုများ  မပျောက်ကွယ်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပသည့် ပွဲဖြစ် ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ်အခမ်းအနားများ     ကျင်းပရာတွင် မိမိတို့   တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အနေဖြင့် ဆက်လက်အားပေးကူညီဆောင်ရွက်သွား မည်ဖြစ်ပြီး ယခုအချိန်အခါသည်   မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာ စေရေး ရည်မှန်းလျက် နိုင်ငံတော်အစိုးရ၏ ဦးဆောင် မှုနှင့်အတူ    တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အပြန်အလှန် ယုံကြည်မှု၊ စည်းစည်းလုံးလုံး၊ ညီညီ ညွတ်ညွတ်ဖြင့်    ဝိုင်းဝန်းတည်ဆောက်ကြရမည့် အချိန်ကာလလည်း ဖြစ်ကြောင်း ပြောကြားသည်။ 

 


ဆက်လက်ပြီး  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး  တိုင်းရင်း သားရေးရာဝန်ကြီး   ဦးစောဂျက်ကော့ထူးက   ကရင် ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ   အခမ်းအနား ကျင်းပရခြင်း၏   ရည်ရွယ်ချက်များနှင့်  စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး   ရန်ကုန်တိုင်းဒေသကြီး   ကရင် စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ    မန်းသန်း ဝင်းဦးက ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပခြင်းနှင့်ပတ်သက်သည့် စာတမ်း ကို ဖတ်ကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန် တိုင်းဒေသကြီး   ဝန်ကြီးချုပ်တို့က   ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ   ကျင်းပရေးကော်မတီထံ     ထောက်ပံ့ငွေများ   ပေးအပ်ပြီး     တိုင်းဒေသကြီး    တိုင်းရင်းသားရေးရာဝန်ကြီးနှင့်  ဧည့်သည်များက    ရိုးရာယဉ်ကျေးမှုအကအဖွဲ့ကို ချီးမြှင့်ငွေများ ပေးအပ် သည်။

 


ထို့နောက် ကရင်အဘိုးအဘွားများက ဧည့်သည် တော်များ၊ လူငယ်မောင်မယ်များ၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများကို ချည်ဖြူ ဖွဲ့ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်