ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့ရှောင်လမ်းဖောက်လုပ်နေမှုနှင့် ဆိုလာရေတင်စနစ်ဖြင့် စပါးဧက ၁၀၀ စိုက်ပျိုးထားရှိမှုအား ကြည့်ရှု

 

ဘားအံ   နိုဝင်ဘာ   ၂၀


ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည်   နိုဝင်ဘာ  ၂၀ ရက် နံနက်ပိုင်းက ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုနှင့် ဆိုလာရေတင်စနစ်ဖြင့် နောင်ခရိုင်ကျေးရွာတွင် ရေကျနောက် စိုက်စပါး ဧက ၁၀၀  စိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

 


ရှေးဦးစွာ    ပြည်နယ်ဝန်ကြီး ချုပ်နှင့် အဖွဲ့သည်   ဘားအံမြို့နယ်  လှာကဒေါင်ကျေးရွာအုပ်စုမှ ရဲသာ  ကျေးရွာအုပ်စုသို့ ဇွဲကပင်တောင် နှင့်   ကြာအင်းတောင်ကြား   မြို့ ရှောင်လမ်း   ဖောက်လုပ်နေမှုကို  သွားရောက်ကြည့်ရှုရာ ပြည်နယ် လမ်းဦးစီးဌာန  ညွှန်ကြားရေးမှူးဦးနန်းမြင့်အောင်က     လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က     လှာ ကဒေါင်ဘက်ခြမ်းရှိ     မြို့ရှောင် လမ်းအဝင် နဒုက္ခသုခံလမ်းအား တိုးချဲ့ရန်နှင့် လုပ်ငန်းများ သတ်မှတ် စံချိန်စံနှုန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး   ဆောင်ရွက်ကြရန်  လမ်းညွှန်မှာကြားသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် အဖွဲ့သည် ရဲသာကျေးရွာ အုပ်စု   နောင်ခရိုင်ကျေးရွာတွင်   ဆည်မြောင်းနှင့်   ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်း အမြစ်)မှ ဆိုလာရေတင်စနစ်ဖြင့်  ရေကျနောက်စိုက်စပါး ဧက ၁၀၀ စိုက်ပျိုးထားရှိမှုကို   သွားရောက် ကြည့်ရှုစစ်ဆေးရာ   (ရေအရင်း အမြစ်) ပြည်နယ်ဦးစီးမှူး ဦးကျော် စွာဦးက   ဆိုလာပန့်   ၁၀  စုံဖြင့် ရေစုပ်တင်၍       တောင်သူများ စိုက်ပျိုးလုပ်ကိုင်နေမှုအခြေအနေ များကို      ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် က    စပါးအပြီးတွင်   ဈေးကွက် အလားအလာရှိသည့် အခြားသီးနှံ များ     စိုက်ပျိုးလုပ်ကိုင်ကြရန်၊ တောင်သူများနှင့် ကွင်းဆင်းတွေ့ ဆုံ၍  ဧက ၁၀၀ ထပ်မံတိုးချဲ့နိုင်ရေး စည်းရုံးဆောင်ရွက်ရန်   မှာကြားသည်။

 


နောင်ခရိုင်ကျေးရွာသည် မိုး ရာသီတွင် ရေဖုံးလွှမ်းသောကြောင့်  တောင်သူ       လယ်သမားများ    မှာ ရေကျနောက်စိုက်စပါးကိုသာ စိုက်ပျိုးလုပ်ကိုင်ကြရပြီး  အောင်ရေ ရရှိရေးအတွက် တရုတ်လှမြစ်ရေ တင်မှရေကို     တူးမြောင်းများမှ တစ်ဆင့် ရေစုပ်စက်ငယ်များဖြင့် စုပ်တင်ရသည့်အတွက် စက်သုံး ဆီဖိုး ကုန်ကျမှုများရှိခဲ့ရာမှ ဆိုလာ ပန့် တပ်ဆင်ပေးခဲ့သည့်အတွက် စက်သုံးဆီကုန်ကျစရိတ်သက်သာ ခြင်း၊  ရာသီဥတုအပေါ်မူတည်၍ ဒုတိယသီးနှံ    စိုက်ပျိုးလုပ်ကိုင် နိုင်ခြင်းတို့ကြောင့် တောင်သူများ ၏ လူမှုအကျိုးစီးပွားဘဝများကို များစွာအထောက်အကူပြုလျက်ရှိ ကြောင်း သိရသည်။


စောမျိုးမင်းသိန်း
(ပြန်/ဆက်)