ကရင်ပြည်နယ်၌ ဘော်လီဘောနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲကျင်းပ

ဘားအံ အောက်တိုဘာ ၂၄


ကရင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ် ဘော်လီဘောဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ဘော်လီဘော နည်းပြနှင့်ဒိုင်သင်တန်းဆင်းပွဲကို ယမန်နေ့  နံနက်  ၈  နာရီခန့်က လှာကမြင် မိုးလုံလေလုံ အားကစား     ခန်းမ၌  ကျင်းပသည်။


ဝိုင်းဝန်းကူညီဆောင်ရွက်


သင်တန်းဆင်းပွဲတွင်  ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့် ဦးက ပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးမှ ဘော်လီဘောနည်းပြ နှင့် ဒိုင်သင်တန်းသား သင်တန်း သူ စုစုပေါင်း  ၂၅   ဦးတို့အား အောက်တိုဘာ ၁၉  ရက်မှ ၂၃ ရက် အထိ ငါးရက်တာကာလအတွင်း ဘော်လီဘော အားကစားနည်းနှင့် ပတ်သက်ဆက်နွှယ်သည့် နည်း စနစ်ပိုင်း၊ နည်းပရိယာယ်ပိုင်းနှင့် နည်းဥပဒေပိုင်းတို့ကို သင်ကြား ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ နယ်ပယ်ဒေသများတွင် ပြန်လည် မျှဝေ    ဖြန့်ဖြူးပေးသွားကြဖို့ တိုက်တွန်းလိုကြောင်း၊ မကြာမီပြု လုပ်မည့်     ပြည်နယ်ဝန်ကြီးချုပ် ဖလား   မြို့နယ်ပေါင်းစုံ  အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုး သမီး     ဘော်လီဘောပြိုင်ပွဲတွင် မိမိတို့မြို့နယ်အသင်းများအနေ ဖြင့် အရည်အသွေးအဆင့်အတန်း    ပြည့်မီစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင် နိုင်စေရေး ကူညီဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။ 


ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်း သား      သင်တန်းသူများအား သင်တန်းဆင်း   လက်မှတ်များ ချီးမြှင့်ပေးခဲ့သည်။


ဆက်လက်၍  ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်   ဘားအံမြို့ အမှတ်(၄) ရပ်ကွက်ရှိ   ဘားမဲ တောင် သဘာဝဥယျာဉ်ဖော်ဆောင် နေမှုကို    သွားရောက်ကြည့်ရှု      စစ်ဆေးရာ    ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍   ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များ မှာကြားသည်။


ထို့နောက် ပြည်နယ်မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏  (၂/၂၀၂၁)ကြိမ် မြောက်နှင့် ပြည်နယ်လယ်ယာ မြေ  စီမံခန့်ခွဲမှုအဖွဲ့၏ (၃/ ၂၀၂၁) ကြိမ်မြောက်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲ ၁ နာရီခန့် က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌   ဆက်လက် ကျင်းပရာ ပြည်နယ် မြေလွတ် မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲ ရေးကော်မတီ၊ ပြည်နယ် လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့များ၏ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့် အမှာစကား   ပြောကြားခဲ့သည်။  


စောမျိုးမင်းသိန်း (ပြန်/ဆက်)