
ဘားအံ ဇူလိုင် ၂၅
ကိုဗစ်-၁၉ ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါ တတိယ လှိုင်း ပြည်တွင်းကူးစက်ဖြစ်ပွားမှု မြင့်တက်နေချိန် တွင် ကုသရေးလုပ်ငန်းများ၌ အသုံးပြုလျက်ရှိသော အောက်ဆီဂျင်ကို ပြည်တွင်း Oxygen Plant များနှင့် ပြည်ပနိုင်ငံအချို့မှ မှာယူတင်သွင်း အသုံးပြုလျက် ရှိရာ ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက The Irrawaddy သတင်းဌာန Burmese Edition Facebook Page တွင် ရေးသားဖော်ပြထားသော သတင်းနှင့် ပတ်သက်၍ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးမျိုးမင်းနောင် က ကရင် ပြည်နယ်မှ ကြိုတင်မှာယူထားသည့် အောက်ဆီဂျင် အိုး ၁၀၀ ကိုသာ ရယူခြင်းဖြစ်ပြီး သိမ်းယူခြင်း၊ လုယူ ခြင်း မရှိကြောင်း ပြောသည်။
The Irrawaddy – Burmese Edition သတင်း ဌာန Facebook Page တွင် ထိုင်းနိုင်ငံမှ တင်သွင်း လာသော အောက်ဆီဂျင်အိုးများအား ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး သိမ်းယူ ဟူသည့် သတင်းနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး မျိုးမင်းနောင်က “တစ်ဖက်နိုင်ငံနဲ့ ကုန်သွယ်မှုကို လွတ်လွတ်လပ်လပ် ပေးထားပါတယ်၊ တစ်နေ့ တစ်နေ့လည်းသွားနေတဲ့ စာရင်းတွေ နေ့အလိုက် ရှိပါတယ်၊ ကိုဗစ်-၁၉ ဆိုင်ရာ ကုန်ပစ္စည်းတွေကို ကရင်ပြည်နယ်အနေနဲ့ မည်သည့်အရာမှ အနှောင့် အယှက်မပေးဘဲ အတတ်နိုင်ဆုံး စီးဆင်းမှုချောမွေ့ အောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်၊ ဒီနေ့ The Irrawaddy ကတင်တဲ့ သတင်းကလည်း ကရင်ပြည် နယ်အတွက် လုယူတယ်ဆိုတဲ့ဟာက မဟုတ်ပါဘူး၊ ကရင်ပြည်နယ်အနေနဲ့ ကြိုတင်မှာထားတဲ့ အိုး ၁၀၀ ရှိပါတယ်၊ ဒီနေ့ရယူရမှာ ဖြစ်ပါတယ်၊ ပိုက်ဆံလည်း ကြိုတင်ပေးချေထားပြီးသားပါ၊ အဲဒီ အတွက် ဒီအိုး ၁၀၀ ကို ရဖို့မှာ ယခင်ကမနက်ရရ၊ ညနေရရဖြစ်သော် လည်း ဒီကနေ့မှာ ယခင်ရယူနေတဲ့ မော်လမြိုင် ဘက်က စက်ချွတ်ယွင်းမှုဖြစ်တဲ့အတွက် အရေး တကြီး လိုအပ်နေတဲ့ ဆေးရုံနဲ့ စင်တာတွေ အတွက် အရင်ဆုံးဝင်လာတဲ့ အိုး ၁၀၀ ကိုတော့ ယူမယ်ဆိုပြီး တော့ ရယူခဲ့တာဖြစ်ပါတယ် ” ဟု ပြောသည်။
The Irrawaddy – Burmese Edition သတင်း ဌာန Facebook Page တွင် လက်နက်ပြကာ သိမ်းယူ သွားသည်ဟု ရေးသားဖော်ပြထားခြင်းအပေါ် “ကျွန်တော်က ဘားအံမှာရှိနေပြီး လက်နက်ပြပြီးသိမ်းယူစရာအကြောင်းလည်း မရှိပါဘူး၊ ကျွန်တော် တို့က မြဝတီက ကိုယ်စားလှယ်နဲ့ပဲ ဆက်သွယ် ဝယ်ယူဆောင်ရွက်တာဖြစ်ပြီး ဘားအံမြို့မှာ အောက်ဆီဂျင် လိုအပ်ချက်အရ စောစောရယူခဲ့တာ ဖြစ်ပါတယ်၊ လုတယ်ဆိုတဲ့အပိုင်းကတော့ မရှိပါဘူး၊ မမှန်သတင်းလွှင့်နေတာကိုပဲ ပြန်ပြီးစိစစ်ဖို့ ရှိပါ တယ်” ဟု ဗိုလ်မှူးကြီးမျိုးမင်းနောင်က ပြောသည်။
ခရိုင်(ပြန်/ဆက်)