ကရင်ပြည်နယ်၏ ခရီးသွားဝန်ဆောင်မှုအသစ် ဝါးဖောင်စီးခြင်း အနုပညာ

 

ယဉ်လာဒ် 
 

 

အာရှနိုင်ငံ            တော်တော်များများမှာ အောင်မြင်တဲ့   ခရီးသွားဝန်ဆောင်မှုပုံစံ တစ်ခုလို့ သတ်မှတ်ကြတဲ့  ဝါးဖောင်စီးခြင်း  (Bamboo Rafting Activity) ကို မြန်မာ နိုင်ငံရဲ့   ကရင်ပြည်နယ်   ဘားအံမြို့မှာ ပထမဆုံးဖော်ဆောင်တော့မှာ      ဖြစ်ပါ တယ်။ မကြာခင် ရောက်ရှိလာတော့မယ့် မိုးရာသီကာလမှာ      ကရင်ပြည်နယ်ရဲ့ အထင်ကရ     အာလဝံအင်းကြီးထဲမှာ ပြည်တွင်းခရီးသွား ဧည့်သည်တွေ စီးနင်း နိုင်ဖို့ စတင်ပြင်ဆင်နေကြပါပြီ။
ဝါးဖောင်စီးခြင်းကို           ရသေ့ပျံ ဆရာတော်က  ဖော်ဆောင်ဖို့    ကြိုးစား နေတာဖြစ်တယ်လို့သိရပြီး    လက်ရှိမှာ ဝါးဖောင်သုံးစင်းနဲ့ စတင်မှာပါ။ ရသေ့ပျံဂူရဲ့ အနောက်ဘက်မှာရှိတဲ့ အာလဝံအင်းထဲ မှာ    ကြိုတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။ အာလဝံအင်းထဲမှာ  စမ်းသပ်ပြီး အောင်မြင် သွားမယ်ဆိုရင်    ထပ်မံပြီး ဒုံသမိချောင်းနဲ့       ဆဒ္ဒန်ဂူတို့မှာလည်း ဝါးဖောင်စီးနိုင်ကြစေ ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့   ဝါးဖောင်ခရီးစဉ်ဖြစ်မြောက်ဖို့ အတွက် ကူညီပုံဖော်ပေးနေတဲ့  ဒေသခံ ဧည့်လမ်းညွှန်တစ်ဦးက       ဝမ်းမြောက် ဝမ်းသာစွာနဲ့ ပြောပြပါတယ်။
အာလဝံအင်းကြီးဟာ   နွေရာသီမှာ ရေခန်းခြောက်ပြီး  မိုးအခါ   ရေများလာမှ သာ အင်းကြီးတစ်ခုလုံး ရေဖုံးလွှမ်းသွား လို့ အဲဒီအချိန်အခါကျမှ  လှေစီးလို့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင်  အာလဝံအင်းကြီး ဟာ မှီခိုကျက်စားတဲ့ တိရစ္ဆာန် ဇီဝမျိုးစုံ မျိုးကွဲတွေရဲ့   စားကျက်မြေကြီးတစ်ခု လည်း ဖြစ်ပါသေးတယ်။ 
ဘားအံမြေကို  လာရောက်လည်ပတ် ကြတဲ့ ခရီးသွားအများစုဟာ ဆဒ္ဒန်ဂူထဲမှာ လှေစီးတဲ့အရသာကို ခံစားဖူးကြမှာဖြစ်ပါ တယ်။    ဆဒ္ဒန်ဂူထဲမှာ   လှေစီးရတာနဲ့ အာလဝံအင်းထဲမှာ        လှေစီးရတာက ခံစားမှုချင်း    မတူညီပါဘူး။     ဒါ့အပြင် ညနေခင်းလှေစီးရတဲ့    ခံစားမှုကတော့ ဘဝအမောအပန်း အားလုံးကို ပြေပျောက် စေနိုင်ပါလိမ့်မယ်။
ယခုစတင်တော့မယ့် ဝါးဖောင်စီးနင်း ခြင်း  (Bamboo  Rafting  Activity)  က ဘားအံမြို့ရဲ့ ပထမဆုံးခရီးသွား  ဝန်ဆောင် မှုအသစ် ဖြစ်လာတော့မှာဖြစ်ပြီး သဘာဝ တရားကို    ချစ်မြတ်နိုးသူတွေအတွက် လည်း     စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ခရီးသွားအစီအစဉ်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
“ရသေ့ပျံဆရာတော်က           ရွာနဲ့ ရွာပတ်ဝန်းကျင်ကို      အဆင့်မြင့်မြင့် တိုးတက်စေချင်ပါတယ်။ ဆရာတော်က  Tourism             အမြင်လည်းရှိတော့ လျှောက်တင်ရတာ   အဆင်ပြေပါတယ်။ ဒီမိုးတွင်းမှာ စပါမယ်။ ဒီခရီးစဉ်ဟာ အင်း အတွင်းမှာ  လာရောက်ကျက်စားကြတဲ့ ကုန်းနေရေနေသတ္တဝါတွေနဲ့   ကျောရိုးမဲ့ သတ္တဝါ၊    ငှက်မျိုးစိတ်စတဲ့   ဇီဝမျိုးစုံ၊ မျိုးကွဲတွေရယ်    သဘာဝပတ်ဝန်းကျင် အလှတွေရယ်ကို ထိတွေ့ခံစားစေနိုင်တဲ့  ခရီးစဉ်ဖြစ်လာမှာပါ” လို့ အစီအစဉ်ဖော် ဆောင်နေတဲ့      ဒေသခံဧည့်လမ်းညွှန်က ရှင်းပြပါတယ်။
စီးနင်းရမယ့် ဝါးဖောင်ရဲ့  ပုံသဏ္ဌာန် က တရုတ်နိုင်ငံက ဝါးဖောင်အမျိုးအစားနဲ့ ဆင်တူပြီး     ဝါးဖောင်ရဲ့    ဦးပိုင်းကို ကော့ထားတဲ့ ပုံစံဖြစ်ပါတယ်။  ဝါးဖောင် တစ်စင်းကို လူနှစ်ယောက်သာ စီးနင်းနိုင်ပြီး တစ်ဦးကို   ငွေကျပ်    တစ်သောင်းသာ ကောက်ခံမယ်လို့ လတ်တလော သတ်မှတ် ထားပါတယ်။
ဘားအံမြို့ အနီးတစ်ဝိုက်ရဲ့ မိုးရာသီ ဟာ အလွန်လှပတယ်ဆိုတာ    လာရောက် လည်ပတ်ဖူးသူတိုင်း   သိရှိကြမှာဖြစ်ပါ တယ်။ ရာသီဥတုမျှတတဲ့ အားလျော်စွာ မိုးရေရရှိမှု       ကောင်းမွန်တာကြောင့် တောတောင်တွေဟာ   စိမ်းလန်းလွန်းလှ သလို    သဘာဝကပေးထားတဲ့    မြစ်၊ ချောင်း၊   အင်း၊   အိုင်နဲ့   ဂူတွေကြောင့် သဘာဝတရားရဲ့ အလှအပကို  ခံစားနိုင် တဲ့  ပြည်နယ်တစ်ခုဖြစ်ပါတယ်။  ရသေ့ ပျံဂူနဲ့ အာလဝံအင်းက  ကရင်ပြည်နယ် ဘားအံမြို့နယ်   ရသေ့ပျံကျေးရွာအနီး သံလွင်မြစ်အနောက်ဘက်မှာ တည်ရှိပြီး ရသေ့ပျံဂူက သဘာဝထုံးကျောက်ဂူဖြစ် ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၆  ပေခန့်အမြင့်မှာ  တည်ရှိတဲ့အပြင် ဂူရဲ့ အရှေ့ဘက်နံရံနဲ့ အတွင်းပိုင်းနံရံတွေ မှာ  အုတ်ခွက်ဗုဒ္ဓဆင်းတုများကို   အမြင့် ၃ လက်မကနေ ၅  ပေခန့်အထိ    အရွယ် အစားမျိုးစုံ     ဖူးတွေ့နိုင်သလို    ဗုဒ္ဓရုပ်ပွား တော်တွေက နေရောင်တိုက်ရိုက်မထိတွေ့ ရတဲ့အတွက် မူလလက်ရာ အတိုင်းဖူးမြော် တွေ့မြင်နိုင်ပါတယ်။
ဂူအတွင်းမှာ             သက်ရှိမျိုးစိတ် လေးမျိုးနဲ့ ကျောရိုးမဲ့မျိုးစိတ်   ၁၅  မျိုး နေထိုင်ကျက်စားလျက်ရှိပြီး     လင်းနို့ အကောင်ရေ   ၆၀၀၀၀  ကျော် တွေ့ရှိရပါ တယ်။ ဂူအနောက်ဘက်မှာ မီတာ ၂၀၀ ခန့် ရှည်လျားတဲ့ ရှုခင်းသာတံတားကို သံဖရိန် နဲ့ တည်ဆောက်ထားပြီး ညနေဆည်းဆာ အလှကို        ကြည့်ရှုခံစားနိုင်ပါတယ်။  အခုလို   ဝါးဖောင်စီးခြင်း    ခရီးအစီအစဉ် ကြောင့်    ကရင်ပြည်နယ်ရဲ့    ခရီးသွား လုပ်ငန်းတွေ  ပိုမိုဖွံ့ဖြိုးလာဖို့  အထောက် အကူတစ်ရပ် ဖြစ်လာစေနိုင်ပါတယ်။
မုတ်သုံရာသီမှာ          ဘားအံမြို့အနီး တစ်ဝိုက် သာယာလှပတဲ့ အလှအပတွေကို ခံစားပြီး ရေလိုဏ်ဂူထဲ လေ့လာတာတွေ အပြင်      ရသေ့ပျံတောင်အနောက်က     အာလဝံအင်းကြီးထဲမှာ လှေစီးအပန်းဖြေ နိုင်တာကို    သိပ်မသိကြပါဘူး။   ဒါ့အပြင်  မိုးရာသီဆိုတာ  ခရီးသွားလောကမှာ Low Season လို့  ခေါ်ဝေါ်ကြပြီး  တချို့နေရာ တွေမှာ ခရီးသွားလုပ်ငန်း တစ်ခုလုံးနီးပါး  ရပ်နားထားရတဲ့    ရာသီတစ်ခုဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တွေ  အနည်းပါးဆုံး ရာသီဖြစ်တဲ့ မိုးရာသီ (low season)  ကို  Green  Season  အဖြစ် ပြောင်းလဲဖို့ ခရီးသွားလုပ်ငန်းနယ်ပယ်က လုပ်ငန်းရှင် တွေဟာ   သူ့နည်းသူ့ဟန်နဲ့    ကြိုးစား လာခဲ့ကြပါတယ်။   အဲဒီအထဲမှာ ကရင် ပြည်နယ်က  အရှေ့တောင်အာရှနိုင်ငံများ ကို     ပေးအပ်တဲ့     Sustainable   Tourism Award (2022 )ဆုရဲ့ ဆုပေါင်း ၁၁ ဆုကို ရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ဒါကြောင့်   ဘားအံမြို့ရဲ့    အထင်ကရ အာလဝံအင်းကြီးကို      ရေရှည်တည်တံ့ အောင် ထိန်းသိမ်းထားရင်း သဘာဝကို ထိန်းသိမ်းရာလည်း   ရောက်သလို   ကရင် ပြည်နယ်ရဲ့      ခရီးသွားလုပ်ငန်းအတွက် အများကြီး    အထောက်အကူပြုလာမှာ ဖြစ်ပြီး       ခရီးသွားတွေအတွက်လည်း အလွန်စိတ်ဝင်စားဖွယ်           အပန်းဖြေ လည်ပတ်            လေ့လာစရာကောင်းတဲ့  Destination         တစ်ခုဖြစ်လာမယ်လို့ ယုံကြည်မိပါတော့တယ်။      ။