
ဘားအံ ဇွန် ၉
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၏ (၁၂/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၇ ရက်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
တားမြစ်ချက်များကိုလိုက်နာဆောင်ရွက်ရန်
အစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက လက်ရှိဖြစ်ပေါ်နေ သည့် ကိုဗစ်- ၁၉ တတိယအကျော့နှင့် စပ်လျဉ်း၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟို ကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတို့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ တားမြစ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက် ရန်၊ ပညာပေးခြင်း၊ ကြီးကြပ်ခြင်း၊ အသိပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ဒဏ်ငွေပေးဆောင်စေ ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိုးရာသီသို့ရောက်ရှိ လာပြီ ဖြစ်သည့်အတွက် လူနေရပ်ကွက်၊ ကျေးရွာများ နှင့် လမ်းများတွင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ သော ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က ယခင်အပတ် (၁၁/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိများက ထပ်ဆင့်ဆွေးနွေးကြသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဘားအံစက်မှုဇုန်အနီးရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု လက်မှုပညာသင်တန်းကျောင်း(ဘားအံ)၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ထားရှိကုသမှု ဆောင်ရွက် ပေးနိုင်ရန် ပြင်ဆင်ထားရှိမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပြင်ဆင် ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ် သည်များ မှာကြားသည်။
အလားတူ ဘားအံမြို့ လှာကမြင်ကွက်သစ် ဇွဲကပင်အဆင့်မြင့်အားကစားကွင်းနှင့် မိုးလုံ လေလုံအားကစားရုံတို့တွင် ပိုးတွေ့လူနာများထားရှိ ကြပ်မတ်ကုသမှုပေးနိုင်ရေး သွားရောက် ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)