
ဘားအံ ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများ၏ နေထိုင်မှုဘဝ အဆင်ပြေ စေရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စုပေါင်းဝန်ထမ်းအိမ်ရာ ၇၈ လုံး၊ အခန်းပေါင်း ၅၁၀ ကို တည်ဆောက်ပေးနိုင် ခဲ့ပြီး မြေနေရာရရှိမှုနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည် ၍ ပြည်နယ်အတွင်း နေရာဒေသစုံတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ စုပေါင်းဝန်ထမ်း အိမ်ရာဖွင့်ပွဲအခမ်းအနားမှ သိရသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန စုပေါင်းဝန်ထမ်းအိမ်ရာဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးခင်ဇော်တို့က စုပေါင်းဝန်ထမ်းအိမ်ရာ အဆောက်အအုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းဝန်ထမ်းအိမ်ရာ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်
ယနေ့ဖွင့်လှစ်သည့် စုပေါင်းဝန်ထမ်းအိမ်ရာကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၃၃၁၃ သိန်းကျော်ဖြင့် (၆၁ ပေ ၆ လက်မ x ၅၁ ပေ x ၃၉ ပေ) အာရ်စီ အမျိုးအစား လေးခန်းတွဲ လေးထပ် အဆောက်အအုံ ကို အောင်မြင်ခိုင်ခန့် ကုမ္ပဏီလီမိတက်က တာဝန်ယူ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
p