
ဘားအံ စက်တင်ဘာ ၂၄
ကရင်ပြည်နယ်အတွင်း ဆီးဖူလုံမှုရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းခန့်သာရှိပြီး ၁၀၀ ရာခိုင်နှုန်းပြည့်မီကျော်လွန် ဖူလုံစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဆီဖူလုံရေးနှင့်ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၃)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦးက ပြည်နယ်အတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်သော မြေနှင့် ဆီထွက် သီးနှံအမျိုးအစားများ ရှိပြီး အခြားစိန်ခေါ်မှုများဖြစ် သော အရင်းအနှီး၊ လုပ်သားနှင့် ဈေးကွက်တို့ကို ဖြည့်ဆည်းပေး လိုက်မည်ဆိုပါက ဆီဖူလုံရေး အခက်အခဲရှိနိုင်မည် မဟုတ် ကြောင်း၊ လိုအပ်သည့် အရင်းအနှီး များကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ်ရှစ်ဘီလီယံမှ စပါးအပြင် ဆီထွက်သီးနှံများကို ထုတ်ချေးပေးရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး အချိန်မီ စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးစေ့များ ထောက်ပံပေးနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်တို့ကို အရှိန်အဟုန်မြှင့် တိုးချဲ့စိုက်ပျိုး သွားမည်ဖြစ်ပြီး ရိတ်သိမ်းခြွေလှေ့ ကြိတ်ခွဲ ထုတ်လုပ်ပြီးပါက ဒေသ တွင်း ဆီဖူလုံမှုရာခိုင်နှုန်းကို ဖြေလျှော့ပေးနိုင်မည် ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများကို ကြိတ်ခွဲ ထုတ်လုပ်ရာတွင် အရည်အသွေး မြင့်မားသည့် စားသုံးဆီများရရှိ စေရေး အဆင့်မီဆီကြိတ်စက်များ ရှိရန်လိုသည့်အတွက် အရင်းအနှီး များ ထုတ်ချေးပေးသွားရန် စီမံ ထားပါကြောင်း၊ ပြည်နယ်အတွင်း ဆီဖူလုံရေးနှင့် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ပါဝင် ပတ်သက်သူများ အားလုံးက စိုက်ပျိုးခြွေလှေ့ကြိတ်ခွဲ ထုတ်လုပ် သည်မှ ဈေးကွက်ဖော်ဆောင်နိုင် သည်အထိ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီး ဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်း က ၂၀၂၂ - ၂၀၂၃ ခုနှစ် ကရင် ပြည်နယ်အတွင်း ဆီဖူလုံရေးနှင့် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ် ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်မိုး အောင်က ဆီထွက်သီးနှံ စိုက် ဧရိယာများ လျာထားဆောင်ရွက် မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)