ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တစ်ဝိုက် ထိတွေ့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်ဝင်ရောက် လိုအပ်သည်များ ကူညီဆောင်ရွက်

 

နေပြည်တော်  ဒီဇင်ဘာ   ၂၉ 


ကရင်ပြည်နယ်     လေးကေ့ကော် မြို့သစ်တစ်ဝိုက် ရောက်ရှိနေသည့် NUG နှင့် PDF အမည်ခံအကြမ်း ဖက်    သမားများအား    လုံခြုံရေး တပ်ဖွဲ့ဝင်များက      ဖော်ထုတ် ဖမ်းဆီးခဲ့ရာမှစတင်၍     KNU/ KNLA   အဖွဲ့မှ   အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ပျက်စီးစေလို သည့်    ခေါင်းဆောင်အချို့    ပါဝင် သောအဖွဲ့၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့်      လုံခြုံ ရေး တပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး     အဆိုပါဒေသမှ အပြစ်မဲ့ပြည်သူများ တစ်ဖက်နိုင်ငံ သို့      ထွက်ပြေးတိမ်းရှောင်လျက် ရှိသည်။

 


အဆိုပါ   ဒေသတစ်ဝိုက်အား  လုံခြုံရေးတပ်ဖွဲ့ဝင်များက   ဒီဇင် ဘာ   ၂၈   ရက်မှစ၍    ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ် အေးချမ်းမှုရှိသည့်     အတွက် တစ်ဖက်နိုင်ငံသို့            ထွက်ပြေး တိမ်းရှောင်နေသည့်      အပြစ်မဲ့ ပြည်သူများ ပြန်လည်နေထိုင်နိုင် ရေးအတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊    မြန်မာဘာသာ စကားများဖြင့် ပြန်လည်ဖိတ်ခေါ် ခြင်း၊   ထိုင်း - မြန်မာ   နယ်ခြား ကော်မတီများမှ လိုအပ်သည်များ ညှိနှိုင်း        ဆောင်ရွက်ခြင်းများ ကြောင့်     ထွက်ပြေးတိမ်းရှောင် နေသူများအနက်မှ    ယနေ့တွင် အင်ကြင်းမြိုင်၊          မင်းလက်ပံ၊ မယ်ထော်သလေးနှင့်   မေတ္တာ လင်းမြိုင်ကျေးရွာတို့တွင် နေထိုင် သူ အမျိုးသား ၈၀၇ ဦး၊ အမျိုးသမီး ၉၀၁ ဦး စုစုပေါင်း ၁၇၀၈ ဦးတို့ သည် ၎င်းတို့နေရပ်သို့ ပြန်လည် ဝင်ရောက်လာကြောင်း       သိရှိရ သည်။

 


အဆိုပါ  ပြန်လည်ဝင်ရောက် လာသူများအား     သက်ဆိုင်ရာ တာဝန်ရှိသူများက    စနစ်တကျ လက်ခံခဲ့ပြီး     လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။      

သတင်းစဉ်