ကရင်ပြည်နယ် လေးကေ့ကော်ဒေသရှိ ကျေးရွာများမှပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ဆက်လက်ဝင်ရောက်၊ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး

 

နေပြည်တော်    ဇန်နဝါရီ   ၆


ကရင်ပြည်နယ်  လေးကေ့ကော် ဒေသအတွင်း တည်ငြိမ်အေးချမ်း မှုများရှိလာပြီး    တစ်ဖက်နိုင်ငံသို့ ထွက်ပြေး   တိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ    ပြန်လည် နေထိုင်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်      ဌာနဆိုင်ရာ များက စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ထွက်ပြေးတိမ်းရှောင်နေသူ များမှာ မိမိတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။

 


ထိုသို့    ဝင်ရောက်လျက်ရှိရာ ယနေ့တွင်      မယ်ထော်သလေး ကျေးရွာသို့   အမျိုးသား  ၄၅  ဦး၊ အမျိုးသမီး    ၃၈    ဦး   စုစုပေါင်း ၈၃   ဦးသည်   ၎င်းတို့နေရပ်သို့ အသီးသီး       ထပ်မံပြန်လည်  ဝင်ရောက်လာကြောင်းနှင့် ၂၀၂၁  ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှ ယနေ့ အထိ လေးကေ့ကော်ဒေသအတွင်း ရှိ    ကျေးရွာများသို့    အမျိုးသား ၃၁၅၃ ဦး၊ အမျိုးသမီး ၃၅၅၃ ဦး စုစုပေါင်း   ၆၇၀၆   ဦး    နေရပ် အသီးသီးသို့ ပြန်လည်ဝင်ရောက်ခဲ့ ကြောင်း သိရှိရသည်။

 


အဆိုပါ ပြန်လည်ဝင်ရောက် လာသူများအား     သက်ဆိုင်ရာ တာဝန်ရှိသူများက    စနစ်တကျ လက်ခံခဲ့ကာ သက်ဆိုင်ရာပြည်သူ့ ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ  တာဝန်ရှိသူများ၊     တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ         စစ်ဆေးပေးခြင်း၊ Quarantine    ဝင်ရောက်ရမည့် အထောက်အထား        စာရွက် စာတမ်းများ      ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး       ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်း ပြောကြားခြင်းတို့ကိုလည်း   စနစ် တကျဆောင်ရွက်ပေးပြီး    အခြား လိုအပ်သည်များကို          ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                  

သတင်းစဉ်